စောစော”ပြော”၊ စောစော “သိ” ၊ အားလုံး အကျိုးရှိ
ကလေး-တီးတိန် Shalom ယာဉ်လိုင်းမှာ Patient Zero နဲ့အတူ လိုက်ပါလာသူ စုစုပေါင်း ၁၃ ဦး ရှိပါတယ်။ အားလုံးကို Home Quarantine လုပ်ထားပါတယ်။ တီးတိန်မြို့မှာ တည်းခိုခဲ့တဲ့ နေအိမ်က မိသားစုဝင် စုစုပေါင်း ၆ ဦး ရှိပါတယ်။ အားလုံးကို Home Quarantine လုပ်ထားပါတယ်။ ကပ်ပ်တဲလ်ကျေးရွာမှာ တည်းခိုခဲ့တဲ့ နေအိမ်က မိသားစုဝင် စုစုပေါင်း ၆ ဦး ရှိပါတယ်။ အားလုံးကို Home Quarantine လုပ်ထားပါတယ်။ သူ့မိခင်ဖြစ်သူကို သီးခြားနေအိမ်အလွတ်မှာ Home Quarantine လုပ်ထားပါတယ်။ အားလုံးက နားလည်မှု အပြည့်နဲ့ ပူးပေါင်းပါဝင်ကြပါတယ်။ လက်ရှိအချိန်မှာ ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေက အလေးထား ဆောင်ရွက်ပေးနေပါပြီ။ ဒီလို စောင့်ကြပ်ကြည့်ရှုခြင်းအားဖြင့် လိုအပ်တဲ့ စစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။ ကူးစက်ခံရမှု ရှိ-မရှိ အချိန်မီ သိပြီး မှန်ကန်တဲ့ ကုသမှုတွေ ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်ပါတယ်။ စောစော”ပြော”၊ စောစော “သိ” ၊ အားလုံး အကျိုးရှိ ဆိုတဲ့အတိုင်း နံပတ်တစ် မပြန့်ပွါးအောင် ထိန်းချုပ်ရေး၊ နံပတ်နှစ် ရောဂါလက္ခဏာတွေကို အချိန်မီကုသရေး၊ နံပတ်သုံး အဘက်ဘက် အန္တရာယ်ကင်းရေးကို ဆောင်ရွက်နိုင်စေမှာပါ။ ကူးစက်မြန်၊ ဖြစ်ပွါးနှုန်းမြင့် နိုင်ငံအချို့ရဲ့ ဥပမာ သင်ခန်းစာတွေကလည်း Home Quarantine ရဲ့ အရေးကြီးပုံကို ညွှန်းဆိုနေပါတယ်။ ဒါကြောင့် ကူးစက်နိုင်တယ် လို့ သံသယရှိသူတွေအတွက်သာမက မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်နဲ့ မိမိ မြို့ရွာတွေ အားလုံးအတွက်လည်း အကျိုးရှိတဲ့ Home Quarantine ကို အလေးထားကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ပြည်သူများအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အကြံပြုချင်တွေကို တိတိကျကျ လိုက်နာကြခြင်းဖြင့် COVID-19 ကို အတူတကွ ကာကွယ်ကြပါစို့ လို့ တိုက်တွန်းလိုက်ရပါတယ်။ =========== Crd U Zaw Htay