Month: ဧပြီ 2020
-
ကိုရိုနာ ဗိုင်းရပ်စ်
ဖောင်းပြင် မြို့နယ်အတွင်း COVID -19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အား/ကာ ဘောလုံးကွင်းရှိ ယာယီဈေးတွင် ၆ ပေအကွာ စနစ်တကျဈေးရောင်းချစေရေးစစ်ဆေး
၂၄-၄-၂၀၂၀ ရက်နေ့၊ ၀၇၃၀နာရီအချိန်တွင် ဖောင်းပြင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးခင်မောင်မြင့်သည် မြို့နယ်အတွင်း COVID -19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိသော မြို့နယ်အား/ကာဘောလုံးကွင်းရှိ ယာယီဈေးတွင် ၆ ပေအကွာ စနစ်တကျဈေးရောင်းချစေရေးနှင့် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာရောက်သူများအား mask များ စနစ်တကျတပ်ဆင်ထားမှုအား ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကျောက်ပန်းတောင်း မြို့အဝင် /အထွက်တိုးဂိတ်များနှင့် မြို့ဦး အောင်စေတီဘုရားကြီးတို့တွင် ပိုးသတ်ဆေးများပက်ဖျန်း
၂၃-၄-၂၀၂၀ ရက်နေ့ ကျောက်ပန်းတောင်းမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် နယ်မြေခံတပ်နယ်တပ်ဖွဲ့ဝင်များ၊မြို့နယ်မီး သတ်ဦးစီးဌာနဝန်ထမ်းများပူးပေါင်း၍ မြို့အဝင် အထွက်တိုးဂိတ်များနှင့်မြို့ဦး အောင်စေတီဘုရားကြီးတို့တွင် ယနေ့နံနက်ပိုင်းက ပိုးသတ်ဆေးများပက်ဖျန်းပေးခဲ့ပါသည်။
Read More » -
ဟားခါးမြို့နယ်တွင် ဌာနဆိုင်ရာများ၊ လူငယ်ကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးတို့မှ ရပ်ကွက်အတွင်း COVID -19 ရောဂါအကြောင်း အသံချဲ့စက်ဖြင့် အသိပညာပေး
ဟားခါးမြို့နယ်တွင် ဌာနဆိုင်ရာများ၊ လူငယ်ကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးတို့မှ ရပ်ကွက်အတွင်း COVID 19 ရောဂါအကြောင်း အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်လျက် ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကန်ကြီးထောင့်မြို့နယ်COVID-19ထိန်းချုပ်ရေးကော်မတီမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သောဝန်ထမ်းများအားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်COVID-19ထိန်းချုပ်ရေးကော်မတီမှ နိုင်ငံခြားမှပြန်လာသူများအားFQတွင်ထားရှိပြီးကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သောဝန်ထမ်းများအားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း ဒါးကရွာအဝင်တွင်COVID-19ပညာပေးဆောင်ရွက်နေသူများအားMask၁၅၀ခု ပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မင်းလှမြို့နယ်တွင် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် ယာဥ်မောင်းနှင်ရာတွင် mask တပ်ဆင်ရန် အသိပညာပေး
မင်းလှမြို့နယ်တွင် COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မင်းလှမြို့နယ် Coronavirus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်စိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းလွင်ဌေးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာပိုင်ခန့်နှင့်ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးနှင့်ဝန်ထမ်းများ၊ မြိုနယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဉီးစီးမှူး ဦးဝေဖြိုးအောင်နှင့်တပ်ဖွဲ့ဝင်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်း တို့ပူးပေါင်းအဖွဲ့မှ ပြည်သူ အနေဖြင့်မဖြစ်မနေ အပြင်အသွားအလာပြုလုပ်ပါက နှာခေါင်းစည်း(Mask)တပ်ဆင်ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာကြရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ကြရန် အသိပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ ပေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မြို့သစ်မြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများ၊ လမ်းသွယ်များအား ပိုးသတ်ဆေးပက်ဖျန်း
မြို့သစ်မြို့နယ်အတွင်း Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူးကြီးကြပ်မှုဖြင့် မြို့အတွင်းရှိ အဓိကလမ်းမကြီးများ၊ လမ်းသွယ်များအား ပိုးသတ်ဆေးပက်ဖျန်းခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကလေးမြို့ ဗိုလ်ချုပ်ကျောက်တိုင်ကွင်းတွင် စိမ်းလန်းစျေးရောင်းချနေမှုများအား စစ်ဆေး
ကလေးမြို့ ဗိုလ်ချုပ်ကျောက်တိုင်ကွင်းတွင် စည်ပင်သာယာဦးစီးဌာနမှ ကြီးကြပ်၍ စိမ်းလန်းစျေးရောင်းချနေမှုများ ၊စျေးသူ/သားများ စျေးဝယ်လာပြည်သူများ အပူချိန်တိုင်းတာခြင်း ၊Mask တပ်ဆင်ထားခြင်း ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီရောင်းချကြရန် ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှားမီး ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော် အဖွဲ့သည် ယနေ့ညနေပိုင်းတွင်သွားရောက်စစ်ဆေးပြီး Mask တပ်ဆင်ကြရန်နှင့် ၆ပေကွာ စည်းကမ်းတကျရောင်းချကြရန်မှာကြားခဲ့သည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးသည် Hospital quarantine ထားရှိမည့် ကလေးတက္ကသိုလ် သို့သွားရောက်ကြည့်ရှုစစ်ဆေး
၂၃-၄-၂၀၂၀ရက်နေ့တွင် ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးသည် Hospital quarantine ထားရှိမည့် ကလေးတက္ကသိုလ် သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်၍ ချင်းပြည်နယ်နယ်စပ်ဂိတ်ဖြစ်သည့် ၉မိုင်စုပေါင်းဂိတ် များအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ယင်းမာပင်မြို့ အဝင် မုံရွာ-ပုလဲ-ဂန့်ဂေါသွားလမ်း ခရီးသွားယာဥ်များအား စိစစ်၍ ခရီးသည်များအား အပူချိန်တိုင်း တာ
(၂၃.၄.၂၀၂၀)ရက်နေ့ နံနက် ၀၆ ၀၀ မှ ၁၀ ၀၀ နာရီ အချိန်အထိ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ အဝင် မုံရွာ-ပုလဲ-ဂန့်ဂေါသွားလမ်း ခရီးသွားယာဥ်များအား စိစစ်၍ ခရီးသည်များအား အပူချိန်တိုင်း တာခြင်း၊ covid-19 ရောဂါကာကွယ်ရေး ပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအား မြို့နယ်အဆင့်တာဝန်ကျဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
Read More »