Month: ဧပြီ 2020
-
ကိုရိုနာ ဗိုင်းရပ်စ်
တရုတ်ပြည်မှပြန်လာသောပုဂ္ဂိုလ်များအား အထက ကျွန်းလှတွင် ကျန်းမာရေးအခြေအနေစစ်ဆေး
(၂၇.၄.၂၀၂၀)ရက်နေ့တွင် ကျွန်းလှမြို့နယ်အနေဖြင့် ကန့်ဘလူ-ကျွန်းလှ-ကောလင်း လမ်းမြို့အ၀င်နှင့် ကျွန်းလှဘူတာစသည့်နေရာများ၌ ကျန်းမာရေးအခြေအနေစစ်ဆေးခြင်း ၊ကျန်းမာရေးဌာန၊ စည်ပင် နှင့်စားသုံးသူရေးရာဌာနတို့သည် မြို့နယ်ရှိအလုပ်ရုံ/ စက်ရုံများအား သွားရောက်ကြည့်ရှု့စစ်ဆေးခြင်း ၊ စေတနာ့၀န်ထမ်း volenteer စာရင်းပြုစုခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း၊ တရုတ်ပြည်မှပြန်လာသောပုဂ္ဂိုလ်များအား ကျွန်းလှမြို့သို့ ပြန်လည်ရောက်ရှိစေရေး စီမံဆောင်ရွက်ပြီး ရောက်ရှိချိန် အထက ကျွန်းလှတွင် ကျန်းမာရေးအခြေအနေစစ်ဆေးပေးခြင်း၊ ကျေးရွာများသို့ စနစ်တကျပြန်လည်ရောက်ရှိစေရေး စီမံဆောင်ရွက်ပေးခြင်း၊ ကျေးရွာသို့ ပြန်လည်ရောက်ရှိပါက Quarantine ထားရှိရန် ကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူးများအား လမ်းညွှန်မှာကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကောလင်းမြို့ Community Based Facility Quarantine (CBFQ) ၌ လိုအပ်သည်များ စီစဥ်
၂၇.၄.၂၀၂၀ ရက်နေ့ ၁၅၀၀နာရီအချိန်တွင် ကောလင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းသည် ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်ရှိ Community Based Facility Quarantine (CBFQ)ထားရှိသည့် အလက(ခွဲ)မြောက်အင်းကျောင်းသို့သွားရောက်၍ လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ရွှေဆံပင်ဆရာတော် ဘဒ္ဒန္ဒ ဝေပုလ္လမှ ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ Covid-19ရောဂါ ကာကွယ်ရေးအတွက် Mask(၁၀၀၀)ခု၊ လက်အိတ်အစုံ(၅၀၀)စုံ လှူဒါန်း
(၂၇-၄-၂၀၂၀)ရက်နေ့တွင် ရွှေဆံပင်ဆရာတော် ဘဒ္ဒန္ဒ ဝေပုလ္လမှ ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ Covid-19ရောဂါ ကာကွယ်ရေးအတွက်၊ Mask(၁၀၀၀)ခု၊ လက်အိတ်အစုံ(၅၀၀)စုံ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဦးမှ မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ အဝတ်Mask(၁၀၀)ခုနှင့် Covid-19ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များအား (၁)ခုစီ လှူဒါန်းပေးအပ်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဘုတလင်မြို့နယ်၊ မြို့ဝင်/မြို့ထွက် မုံရွာ-ရေဉီးကားလမ်းတွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေး
(၂၇-၄-၂၀၂၀)ရက်နေ့ ၊ဘုတလင်မြို့နယ်၊ မြို့ဝင်/မြို့ထွက် မုံရွာ-ရေဉီးကားလမ်းတွင် ထွေ/အုပ်၊ ရဲ၊ လဝက၊ ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အသီးသီးမှ ဘုတလင်မြို့နယ်သို့ ပြန်လာကြသူများအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဖောင်းပြင်မြို့ဝင်/မြို့ထွက်ဂိတ်များတွင် (COVID-19)ရောဂါကာကွယ်ရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေး
၂၇-၄-၂၀၂၀ ရက်နေ့ ၀၇၃၀ နာရီအချိန်တွင် ဖောင်းပြင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်သည် ဖောင်းပြင်မြို့၊မြို့ဝင်/မြို့ထွက်ဂိတ်များတွင် (COVID-19)ရောဂါကာကွယ်ရေးအတွက် တာဝန်ချထားသောဌာန/ အဖွဲ့အစည်းများမှ ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပြီး နှာခေါင်းစည်းတပ်ဆင်မှုရှိ/မရှိနှင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများအား ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဝန်းသိုမြို့မစည်ပင်ဈေး၌ Face Shieldများဝေငှခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် Hand speakerဖြင့် အသိပညာပေးလှည့်လည်ကြေညာ
၂၀၂၀ရက်နေ့ ဧပြီလ ၂၇ရက် ၊နံနက် ၀၇၀၀နာရီအချိန်တွင် ဝန်းသိုမြို့၊ မြို့မစည်ပင်ဈေး၌ လွှတ်တော်ကိုယ်စားလှယ်များ၊ဝန်းသိုမြို့နယ်အုပ်ချုပ်ရေးမှူး၊စည်ပင်သာယာရေးကော်မတီဝင်များ၊ ကျန်းမာရေး ၊ မီးသတ်ဌာန၊ အမျိုးသမီးရေးရာအဖွဲ့တို့က Face Shieldများဝေငှခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် Hand speakerဖြင့် အသိပညာပေးလှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မော်လိုက်မြို့နယ်၌ covid-19 တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်
၂၇-၄-၂၀၂၀ရက်နေ့တွင် မော်လိုက်မြို့နယ်၌ covid-19 တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
(၂၇-၄-၂၀၂၀)ရက်နေ့တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
အောင်လံမြို့၊သီတဂူဇောတိက စက္ခုဒါနဆေးရုံတွင် FQ ထားရှိသူများအားလုံး ၂၁ရက်ပြည့်၍ နေရပ်ပြန်လည်ပို့ဆောင်ပြီးစီးသဖြင့် အသုံးပြုခဲ့သော ဆေးရုံအဆောင်များ၊ အဆောက်အဦများအား ပိုးသတ်ဆေးဖျန်း
အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ သီတဂူဇောတိက စက္ခုဒါနဆေးရုံတွင် FQ ထားရှိသူများအားလုံး ၂၁ရက်ပြည့်၍ နေရပ်ပြန်လည်ပို့ဆောင်ပြီးစီးသဖြင့် အသုံးပြုခဲ့သော ဆေးရုံအဆောင်များ၊ အဆောက်အဦများအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ် Covid-19 ကာကွယ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၀င်များမှ မြို့ ၀င်/ ထွက် ဂိတ်များ၌ မော်တော်ယာဥ်များပေါ်တွင် လိုက်ပါလာကြသော ခရီးသည်များ၊ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်များအား ကျန်းမာရေးစစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကွတ်ခိုင်မြို့နယ်အတွင်း covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ မြို့ဝင်/ မြို့နယ်ဂိတ်များတွင် ခရီးသွားပြည်သူများအား အပူချိန်တိုင်းတာ
၂၇-၄-၂၀၂၀ရက်နေ့ ကွတ်ခိုင်မြို့နယ်အတွင်း covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ မြို့ဝင်/ မြို့ထွက်များဖြစ်သည့် အော်ရီယန်တယ်တိုးဂိတ်နှင့်ကောင်းခါးလမ်းဆုံတို့တွင် Volunteer အဖွဲ့များမှ မြို့ဝင်/မြို့ထွက် အပူချိန်တိုင်း ကိရိယာစက်ဖြင့် ခရီးသွားပြည်သူများအား ပုံမှန်ကျန်းမာရေး စစ်ဆေးဆောင်ရွက်နေမှုကို ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် မြို့၀င် OHC တိုးလ်ဂိတ်တွင် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားအလုပ်သမားများ စစ်ဆေး ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
Read More »