Month: ဧပြီ 2020
-
ကိုရိုနာ ဗိုင်းရပ်စ်
ဂန့်ဂေါမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော၊အခြေခံ အိမ်ထောင်စုများအတွက် ဆန်၊ဆီ၊ဆား၊ကြက်သွန်၊ပဲများ ထောက်ပံ့မှု
ဂန့်ဂေါမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော၊အခြေခံ အိမ်ထောင်စုများအတွက် ဆန်၊ဆီ၊ဆား၊ကြက်သွန်၊ပဲများကို (၁၀.၄.၂၀၂၀)ရက်နေ့ နံနက် (၀၇၀၀)အချိန်မှ စတင်ထုတ်ပေးနေပြီဖြစ်ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
သနပ်ပင်မြို့နယ် တွင် ပြည်ထောင်စုအစိုးရမှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန် ၅မျိုး ကို အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့မှု
၁၀-၄-၂၀၂၀ရက်နေ့၊ သနပ်ပင်မြို့နယ် အောက်စုပိုင်းရပ်ကွက်တွင် စည်ပင်ဝန်ကြီး ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ ခရအမှူး နှင့် မနဥ မြို့နယ်ကော်မတီမှ ပြည်ထောင်စုအစိုးရမှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန် ၅မျိုး ကို အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ပေးခဲ့ပါသည်။ ဆက်လက်၍ မြို့ပေါ် ၆ရပ်ကွက်အား ဆန် ၊ ကြက်သွန်နီများထောက်ပံ့ရန်ဆောင်ရွက်လျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ပုလောမြို့ အမှတ် (၁) (၂)(၃)(၄)(၅) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၃၇၀)စုအားအခြေခံစားကုန် များဖြစ်သော ဆန် ဆီ ဆား ကြက်သွန် ပဲ (၅)မျိုးအနက် ဆန် ဆီ ဆား ကြက်သွန် များထောက်ပံ့မှု
၁၀.၄..၂၀၂၀ ရက်နေ့ ၁၇၃၀. အချိန် ပုလောမြို့ အမှတ် (၁) (၂)(၃)(၄)(၅) ရပ်ကွက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၃၇၀)စုအားအခြေခံစားကုန် များဖြစ်သော ဆန် ဆီ ဆား ကြက်သွန် ပဲ (၅)မျိုးအနက် ဆန် ဆီ ဆား ကြက်သွန် ကို အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးကင်းရှိန်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ကြီးကြပ်ရေးကော်မတီဝင်များနှင့်အတူထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
တနင်္သါရီမြို့နယ် အတွင်းရှိ အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့သော အခြေခံ စားကုန်များ ထောက်ပံ့မှု
၁၀.၄.၂၀၂၀ရက်နေ့ ၁၇၃၀ ချိန် တနင်္သါရီမြို့နယ် အတွင်းရှိ အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့သော အခြေခံ စားကုန်များ ထောက်ပံမှုအနေဖြင့် ချောင်းကြီးရပ်ကွက်မှ အိမ်ထောင်စု ၂၅၁ စု ၊ချောင်းငယ်ရပ်ကွက်မှ အိမ်ထောင်စု ၁၁၃စု ၊ဆင်ခြေဖုံးကျေးရွာအုပ်စုမှ အိမ်ထောင်စု ၄၅၈ စုတို့အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ဌာနဆိုင်ရာများဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းနှင့် ၁၁.၄.၂၀၂၀ ရက်နေ့တွင် ကျန်ရှိသည့် ရပ်ကွက်၊ကျေးရွာအုပ်စုများသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဘုတ််ပြင်းမြို့နယ်၊ ကရသူရိမြို့ရှိ ကရသူရိရပ်ကွက် ၃ ခု အိမ်ထောင်စု ၆၂ စု အား ဆန်/ဆီ ထောက်ပံ့မှု
၁၀-၄-၂၀၂၀ရက်နေ့၊ ဘုတ််ပြင်းမြို့နယ်၊ ကရသူရိမြို့ရှိ ကရသူရိရပ်ကွက် ၃ ခု အိမ်ထောင်စု ၆၂ စု အား ဆန်/ဆီ ထောက်ပံ့မှု ဖြစ်ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကော့သောင်းခရိုင်အတွင်း နိုင်ငံတော်မှထောက်ပံ့သော ဆန်၊ဆီ၊ကြက်သွန်၊ကုလားပဲ၊ဆားတို့အား ဘုရင့်နောင်ရပ်ကွက်နေ လက်လုပ်လက်စားပြည်သူများအား ဖြန့်ဝေခြင်း
၁၀.၄.၂၀၂၀ရက်နေ့ ညနေ၄နာရီအချိန်မှစ၍ ကော့သောင်းခရိုင်အတွင်း နိုင်ငံတော်မှထောက်ပံ့သော ဆန်၊ဆီ၊ကြက်သွန်၊ကုလားပဲ၊ဆားတို့အား ဘုရင့်နောင်ရပ်ကွက်နေ လက်လုပ်လက်စားပြည်သူများအား ဖြန့်ဝေခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ရေဖြူမြို့နယ် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှု
ရေဖြူမြို့နယ်အနေဖြင့်(10.4.2020)ရက်နေ့((0730)amတွင်(COVID 19)ရောဂါကာကွယ်၊ထိန်းချုပ်၊ရေးအတွက်ရေဖြူမြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာ၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာန၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ရေဖြူမြို့နယ်အုပ်ရေးမှူးရုံး(မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)ဒေသန္တရအမိန့်(၁/၂၀၂၀)၊ကူးစက်ရောာကာကွယ်နှိပ်နှင်းရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေပါပြစ်မှု၊ပြစ်ဒဏ်များကြေညာခြင်း!ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနCOVID 19ရောဂါနှင့်ပတ်သက်သတ်၍အသိပေးကြေညာခြင်း၊Hand Gelဖြင့်လက်ဆေးခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို(က)၊(ခ)ရပ်ကွက်၊သဗြေဇွန်း၊မင်းဒပ်၊ပုဂေါဇွန်း၊ရလိုင်၊သစ်တိုထောင့်၊ပိန်းရှောင်၊နတ်တွင်း၊ကျောက်ထောင့်၊ပုလဲကူကျေးရွာများတွင်ဆောင်ရွက်ခြင်း၊ဦးလှိုင်းမောင်မောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည်မလွှဲတောင်စစ်ဆေးရေးဂိတ်သို့သွားရောက်ပြီး Thermometer တစ်လုံးခန့် လိုအပ်နေသည်ကို စိစစ် ွေ့ရှိရပါသဖြင့် ထပ်မံပေးအပ်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
သရက်ချောင်း မြို့နယ်အတွင်း Community Based Facility စောင့်ကြည့်ရေးစခန်းများ၌လိုအပ်သည့်maskများနှင့်လက်သန့်ဆေးရည်များအားပေးအပ်ခြင်း
ဧပြီ ၁၀ရက်နေ့ သရက်ချောင်းမြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်ကုသ ရေးလုပ်ငန်းကော်မတီအဖွဲ့ ဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းထွန်းဦးဆောင်သောကော်မတီအဖွဲ့ဝင်များသည် အဖွဲ့(၂)ဖွဲ့ခွဲကာ ယနေ့ နံနက်ပိုင်းက သရက်ချောင်းမြို့နယ်အတွင်း Community Based Facility Quarantineဆောင်ရွက်ထားသည့် ရပ်ကွက်/ကျေးရွာများနှင့်နီးစပ်ရာ ရပ်ကွက်/ကျေးရွာများ ရပ်ကျေး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသနိုင်ရေးကော်မတီများနှင့်သက်ဆိုင်ရာနေရာ များတွင် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းထွန်း က ကိုဗစ်-၁၉ရောဂါအတွက် Community Based Facility Quarantineဆောင်ရွက်ထားသော နေရာများ၌ နေထိုင်သူ ပြည်သူများအား မိသားစုဝင်များနှင့်ခေတ္တခွဲထားပြီး ၁၄ရက်စောင့်ကြည့်ခြင်းသာဖြစ်ပြီး မိမိမှ တစ်ဆင့်မိသားစုဝင်များ၊အခြားသူများကူးစက်မှုမခံရအောင်ကာကွယ်ခြင်းဖြစ်ပါကြောင်း၊Facility Quarantineမှ ၁၄ရက်ပြည့်ပြီးအိမ်ပြန်ကြသောသူများကိုလည်းအပြင်သို့မလိုအပ်ဘဲမထွက်ကြရန် လိုကြောင်း၊လူစုလူဝေးရှောင်ရှားသင့်ကြောင်း၊တစ်ကိုယ်ရည်သန့်ရှင်းမှုကိုအထူးဂရုစိုက်ကြရန်လိုကြောင်း ကိုဗစ်-၁၉ရောဂါနှစ်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ညွှန်ကြားထားသည့်အတိုင်းလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း အားပေးစကားပြောကြားခဲ့ပြီး အဆိုပါစောင့်ကြည့်ရေးစခန်းများ၌လိုအပ်သည့်maskများနှင့်လက်သန့်ဆေးရည်များအားပေးအပ်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ယင်းမာပင်မြို့နယ်အတွင်း အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန် (၅)မျိုး ထောက်ပံ့မှု
(၁၀.၄..၂၀၂၀)ရက်နေ့ ၀၉ ၀၀ နာရီအချိန်တွင် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအားအခြေခံ စားကုန်ပစ္စည်းများ ဝယ်ယူ၊ အခမဲ့ဖြန့်ဝေရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် လွှတ်တော်ကိုယ် စားလှယ်များ၊ မြို့နယ်စီ/ခန့်ဥက္ကဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်စားရေးများပါဝင်သောအဖွဲ့များမှ သတ် မှတ်ထားရှိသည့်စုရပ်(၄)ခုဖြစ်သော ယင်းမာပင်မြို့မ၊ ကန်ချောင်အုပ်စု(အောင်ဇေယျမြို့ကွက်သစ်)၊ ညောင်ကိုင်းကျေးရွာ၊ ရင်ပေါင်တိုင်ကျေးရွာတို့အနက်မှ ယင်းမာပင်မြို့မစုရပ်မှ ရပ်ကွက်/ ကျေးရွာ အုပ်စု(၆)အုပ်စုရှိအိမ်ထောင်စု (၅၀၀)စု၊ ကန်ချောင်အုပ်စု(အောင်ဇေယျမြို့ကွက်သစ်)စုရပ်မှ ကျေးရွာအုပ်စု(၂)အုပ်စုရှိ အိမ်ထောင်စု (၅၀၀)စု၊ စုစုပေါင်း အိမ်ထောင်စု (၁၀၀၀)စုအတွက် ဆန်(၈၀၀၀)ပြည်၊ ဆီ(၅၀၀)ပိဿာ၊ဆား(၅၀၀)ပိဿာ၊ ပဲ(၁၀၀၀)ပိဿာ၊ ကြက်သွန်နီ(၁၀၀၀)ပိဿာတို့အားဝေငှပေးအပ်ခဲ့ပါကြောင်းနှင့် (၁၁.၄.၂၀၂၀)ရက်နေ့တွင်လည်း ကျန်ရှိနေသောပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအား ဝေငှပေးရန်စီစဥ်ထားရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ချောင်းဦးမြို့နယ်အတွင်း Covid-19 ေရာဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း
(၁၀-၄-၂၀၂၀)ရက်နေ့တွင်ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးစံပြကျေးရွာ၊ ဆင်ဖြူရှင်တံတားထိပ်တွင် ထွေ/အုပ်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့ ပူးပေါင်း၍ မကွေးတိုင်းဒေသကြီးဘက်မှဝင်ရောက်လာသည့်ခရီးသည်များအားCovid-19ရောဂါကြိုတင်ကာကွယ်ရေးအတွက်ကျန်းမာရေးစစ်ဆေးမှုများပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
Read More »