Month: ဒီဇင်ဘာ 2020
-
အခြား/ဌာနဆိုင်ရာ
-
အခြား/ဌာနဆိုင်ရာ
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအတွက် Basic Public Management Course Online သင်တန်း စတင်ဖွင့်လှစ်ပို့ချ”
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအတွက် Basic Public Management Course Online သင်တန်း စတင်ဖွင့်လှစ်ပို့ချ” ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ နီပွန် ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွင်ပါဝင်သည့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများအား ကောင်းမွန်သောအစိုးရဖော်ဆောင်မှုနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် စွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍ ရက်သတ္တ (၁၂)ပတ်ကြာဖွင့်လှစ်မည့် Basic Public Management Course သင်တန်းကို Video Conferencing စနစ်ဖြင့် စတင်ဖွင့်လှစ်ပို့ချခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ(၂၈)ရက်မှ စတင်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းဖွဲ့စည်းကာ အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးမူဘောင်(၂၀၁၉)အား နယ်ပယ် (၆)ရပ်ဖြင့် ဌာန၏အသွင်သဏ္ဍာန်နှင့် အနှစ်သာရ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါနယ်ပယ်(၆)ရပ်အနက်မှ နယ်ပယ်(၄)၏မျှော်မှန်းရလဒ်(S-4.2) ဖြစ်သောသင်တန်းများ၊ သင်ခန်းစာများနှင့် သင်ကြားနည်းစနစ်များကို အဆင့်မြှင့်တင်နိုင်ရန်လုပ်ငန်းစဉ်များအနက်မှ နိုင်ငံတကာအဆင့်မီ…
Read More » -
အခြား/ဌာနဆိုင်ရာ
“ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်”
“ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်” ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာပါလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၌ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့မှ (၄)ရက်နေ့အထိ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲချိန်၌ ပါဝင်ကူညီခဲ့သည့် ပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှ ယနေ့အထိ ကုလသမဂ္ဂ၏ ပြည်တွင်းနေရပ်စွန့်ခွာသူများဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေကျွမ်းကျင်ပညာရှင် Professor Walter Kalin က ဦးဆောင်၍ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေး စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်ချက်များ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပုံမှန်ဘဝ…
Read More »