Month: ဇန်နဝါရီ 2021
-
အခြား/ဌာနဆိုင်ရာ
“အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနက ဆောင်ရွက် လျက် ရှိသော လုပ်ငန်း စဉ်များ နှင့် စပ်လျဉ်း ၍ တိုင်း ဒေသ ကြီး/ ပြည်နယ် အုပ်ချုပ် ရေးမှူး များ နှင့် အစည်း အဝေး ကျင်းပ ပြုလုပ်”
“အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနက ဆောင်ရွက် လျက်ရှိသော လုပ်ငန်းစဉ်များ နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူး များနှင့် အစည်းအဝေး ကျင်းပပြုလုပ်” ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့် Video Conferencing ဖြင့် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တည်ဆဲ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများကို ပြည်သူလူထု ကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် အသိပညာ မျှဝေခြင်း လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန်၊…
Read More » -
သတင်းများ
ထပ်တိုးထောက်ပံ့မည့် အိမ်ထောင်စုများအား ထောက်ပံ့မှုပြုရာတွင် ကြီးကြပ်ကွပ်ကဲပြီး အဖွဲ့စနစ်ဖြင့် စနစ်တကျ လက်ရောက်ပေးအပ်ရန် ဗဟိုကော်မတီကတစ်ဆင့် ညွှန်ကြားထား
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေကို စတုတ္ထအကြိမ်ထောက်ပံ့ငွေ ပေးအပ်တဲ့အချိန်မှာ – စာရင်းတွေမှာ မပါဝင်တာကြောင့်၊ COVID – 19 ဖြစ်ပွါးတဲ့ကာလရှည်ကြာလာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးသွား ရတာတွေကြောင့် – စတဲ့ အကြောင်းတရားတွေ ပေါ်မူတည်ပြီး စားရေးသောက်ရေးအခက်အခဲ ကြုံတွေ့ လာလို့ ထောက်ပံ့ကြေးရယူလိုတဲ့ အိမ်ထောင်စုတွေက တင်ပြတိုင်ကြားတာတွေအပေါ် မှာ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ ဦးဆောင်မှုနဲ့ အဖွဲ့ငယ်တွေဖွဲ့ပြီး စိစစ်ခဲ့ကြတာကို တွေ့ရပါတယ်။ အချို့သော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အဖွဲ့ငယ်တွေထဲမှာ လွှတ်တော် ကိုယ်စားလှယ်တွေပါ တက်ကြွစွာပါဝင်ဆောင်ရွက်တာတွေ့ရှိရလို့ ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဖေါ်ပြလိုပါတယ်။ COVID-19 ကာလအတွင်းမှာ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP ) အရ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစား အိမ်ထောင်စုတွေကို စားသောက်ရေးအဆင်ပြေစေဖို့ ထောက်ပံ့မှု (၄)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေမှ ကျပ် ၅၆၈.၆၄ ဘီလီယံကို သုံးစွဲခဲ့ပါတယ်။ ယခုနောက်ဆုံးစိစစ်တွေ့ရှိချက်တွေအရ…
Read More » -
ဗဟုသုတဆိုင်ရာ
-
One Stop Shop (OSS)
-
One Stop Shop (OSS)
-
အခြား/ဌာနဆိုင်ရာ
COVID-19 Vaccination Fund အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ အလှူငွေကျပ် သိန်း(၁၁၀၀) တိတိ လှူဒါန်းမှုအတွက် ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင် စကားပြောကြား
COVID-19 Vaccination Fund အတွက် အလှူငွေလှူဒါန်းနိုင်ကြောင်း ကြေညာချက် ထွက်ချိန်ကစပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအနေနဲ့ ပါဝင်လှူဒါန်းနိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။၁၈-၁-၂၀၂၁ ရက်နေ့မှာတော့ ကျပ်သိန်း (၁၁၀၀)တိတိကို ထည့်ဝင်လှူဒါန်းပေးနိုင်ခဲ့ပါတယ်။မိမိသဘောဆန္ဒအလျောက် ပူးပေါင်းပါဝင်လှူဒါန်းပေးကြတဲ့ ပြည်ထောင်စုဝန်ကြီးရုံး၊ အစိုးရအဖွဲ့ရေးရာဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ အခွန်အယူခံခုံအဖွဲ့ရုံးတို့မှ ဝန်ထမ်းမိသားစုများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Read More » -
ရပ်/ ကျေး အုပ်ချုပ်ရေးဆိုင်ရာ အချက်အလက်များ
-
အခြား/ဌာနဆိုင်ရာ
“ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဝန်ထမ်းများ စုပေါင်း၍ COVID-19 ကာကွယ်ဆေးများ ဝယ်ယူနိုင်ရေးအတွက် အလှူငွေကျပ်သိန်း (၁၁၀၀) တိတိကို ပေးအပ်လှူဒါန်းခဲ့”
“ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဝန်ထမ်းများစုပေါင်း၍ COVID-19 ကာကွယ်ဆေးများ ဝယ်ယူနိုင်ရေးအတွက် အလှူငွေကျပ် သိန်း (၁၁၀၀)တိတိကို ပေးအပ်လှူဒါန်းခဲ့” ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် COVID-19 ကာကွယ်ဆေးများ ဝယ်ယူနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ အစိုးရအဖွဲ့ရေးရာဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခွန်အယူခံခုံအဖွဲ့ရုံးတို့မှ ဝန်ထမ်းများ စု ပေါင်းလှူဒါန်းသည့် အလှူငွေကျပ်သိန်း (၁၁၀၀) တိတိကို COVID-19ကာကွယ်ဆေးများ ဝယ်ယူရရှိရေးရန်ပုံငွေစီမံခန့်ခွဲမှု ဆပ်ကော် မတီသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ “COVID-19 ရောဂါမှ ကင်းဝေးကြပါစေ။” “စုပေါင်းအလှူ သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါစေ။”
Read More » -
ရပ်/ ကျေး အုပ်ချုပ်ရေးဆိုင်ရာ အချက်အလက်များ
-
ရပ်/ ကျေး အုပ်ချုပ်ရေးဆိုင်ရာ အချက်အလက်များ
“မြို့နယ်အုပ်ချုပ်ရေးမှူး အားလုံးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာသင်တန်း (TOT) ဖွင့်လှစ်ပို့ချ”
“မြို့နယ်အုပ်ချုပ်ရေးမှူး အားလုံးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ သင်တန်း (TOT) ဖွင့်လှစ်ပို့ချ” ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာသင်တန်း (TOT) ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် Video Conferencing စနစ်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး များအားလုံးအတွက် စတင်ဖွင့်လှစ် ပို့ချခဲ့ပါသည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ရာတွင် ကြီးကြပ်ဆောင်ရွက် ရမည့် မြို့နယ်အုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို ကျွမ်းကျင်စွာ အသုံးချနိုင်စေရန်နှင့် ဥပဒေ၊ နည်းဥပဒေများကို အဓိပ္ပါယ်ကောက်ယူရာ၌ ဥပဒေ၏ အနှစ်သာရကို ထိခိုက်မှုမရှိစေဘဲ လက်တွေ့မြေပြင်၌ မျှတစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်း ဖြစ်ပြီး သင်တန်း(၁)ကြိမ်လျှင်…
Read More »
- 1
- 2