Pann Nu Lwin
-
ကိုရိုနာ ဗိုင်းရပ်စ်
တလိုင်းယာ၊ ဇာဒီ၊ ပိန်းရှောင်၊ သစ်တိုထောင့်၊ ပုဂေါဇွန်း၊ သဗြေဇွန်း၊ မင်းဒပ်ကျေးရွာများတွင် ရေဖြူအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် နေအိမ်ပြင်ပသို့ထွက်လျှင် မဖြစ်မနေMaskတပ်၍သွားလာရန် အသိပညာပေး
ရေဖြူမြို့နယ်အနေဖြင့်(၂၆.၄.၂၀၂၀)ရက်နေ့၀၆၃၀နာရီအချိန်တွင်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးနှင့်မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးဌာနပူးပေါင်း၍ညင်းထွေးကျေးရွာစျေး၊ရေဖြူမြို့မစျေးရုံ၁၊၂တို့တွင်အသိပညာပေးခြင်း၊နံရံကပ်စာစောင်များကပ်ခြင်း ၊ ၀၉၀၀နာရီအချိန်ခန့်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဖြစ်သောလူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင်၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးမြင့်စန်း၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးလှထွေး၊တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလုကာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသက်နိုင်ဦးတို့သည် ရေဖြူမြို့(ခ)ရပ်ကွက်ရှိ မီးသတ်ရုံးဝန်ထမ်းအိမ်ယာFQCသို့လည်းကောင်း ၊ ပုဂေါဇွန်းကျေးရွာအမကကျောင်းရှိFQCသို့လည်းကောင်း၊ ရလိုင်ကျေးရွာFQCသို့လည်းကောင်း ကွင်းဆင်းကြည့်ရှုခြင်းများဆောင်ရွက်ခြင်း၊ တလိုင်းယာ၊ ဇာဒီ၊ ပိန်းရှောင်၊ သစ်တိုထောင့်၊ ပုဂေါဇွန်း၊ သဗြေဇွန်း၊ မင်းဒပ်ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည်နေအိမ်ပြင်ပသို့ထွက်လျှင်မဖြစ်မနေMaskတပ်၍သွားလာရမည်ဖြစ်ကြောင်းအသိပညာပေးများဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မော်လိုက်မြို့နယ်၌ covid-19 ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာဝန်ထမ်းများ၊ volunteersများက ဆက်လက်ဆောင်ရွက်လျက်ရှိ
၂၆-၄- ၂၀၂၀ရက်နေ့ မော်လိုက်မြို့နယ်၌ covid-19 ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာဝန်ထမ်းများ၊ volunteersများက ဆက်လက်ဆောင်ရွက်လျက်ရှိကြပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဆားလင်းကြီးမြို့နယ်တွင် Covid -19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေး
(၂၆-၄-၂၀၂၀)ရက်နေ့ ၀၇၀၀နာရီ အချိန်မှ ၀၉၀၀နာရီအချိန်အထိ ဆားလင်းကြီးမြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ပခုက္ကူ-မုံရွာကားလမ်းပေါ် သွားလာနေသောပြည်သူ (၆၅၁)ဦးအားလည်းကောင်း၊ အမှတ်(၂)ရပ်ကွက် မြို့အဝင် ကားလမ်းပေါ် သွားလာနေသောပြည်သူ (၅၀၇)ဦးအားလည်းကောင်း၊ အမှတ်(၃)ရပ်ကွက် လေးထပ်ဘုန်းကြီးကျောင်းရှေ့၊ ဆားလင်းကြီး-ပေါင်းဝကားလမ်းပေါ် သွားလာနေသော ပြည်သူ (၄၆၀)ဦးအားလည်းကောင်း Covid 19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကလေးဝမြို့နယ်၊ ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Max Myanmar ကုမ္မဏီ လုပ်ငန်းခွင် အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေး
၂၅-၄-၂၀၂၀ရက်နေ့၊ ၁၀၃၀နာရီအချိန် ကလေးဝမြို့နယ် သစ်ချောက်အုပ်စု အတွင်း ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Max Myanmar ကုမ္မဏီ လုပ်ကွက်သို့ မြို့နယ်စီခန့် ဥက္ကဌ ဦးဇော်လင်း ဦးဆောင်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ဆရာဝန်ကြီး ၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ၊ လဝက ၊သတ္တုတွင်း တို့မှ တာဝန်ရှိသူများက လုပ်ငန်းခွင် အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ လုပ်ငန်းဆောင်ရွက်မှု၊ စားသောက်မှု ၊နေထိုင်မှုတို့ကို စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကောလင်းမြို့နယ် ကျောက်တန်းဂိတ်နှင့် မြို့အဝင်/အထွက်ဂိတ်များအား စစ်ဆေး
ကောလင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲမြတ်သိန်းသည် ၂၅-၄-၂၀၂၀ရက်နေ့ည ၂၀၃၀နာရီအချိန်မှ ၂၃၀၀နာရီအထိ ကောလင်းမြို့နယ် ကျောက်တန်းဂိတ်နှင့် မြို့အဝင်/အထွက်ဂိတ်များအား သွားရောက်အားပေးစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ပေါက်တောမြို့ အားကစားခန်းမအား ၂၆-၄-၂၀၂၀ ရက်နေ့ တွင် ဆေးဖျန်းနေမှု မှတ်တမ်း
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ အားကစားခန်းမအား ၂၆-၄-၂၀၂၀ ရက်နေ့ တွင် ဆေးဖျန်းနေမှု မှတ်တမ်း
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကျောက်ပန်းတောင်းမြို့အတွင်း ထုတ်ပြန်ထားသည့် ညွန်ကြားချက်နှင့်အညီ လိုက်နာမှုရှိစေရေး မြို့နယ်ထိန်းချုပ်တုံ့ပြန်ရေး အဖွဲ့နှင့်ပူးပေါင်းအဖွဲ့မှ မြို့အဝင်အထွက်ဂိတ်များတွင် စစ်ဆေး
၂၅-၄-၂၀၂၀ ရက်နေ့ ညပိုင်းတွင် ကျောက်ပန်းတောင်းမြို့အတွင်း ထုတ်ပြန်ထားသည့် ညွန်ကြားချက်နှင့်အညီ လိုက်နာမှုရှိစေရေး မြို့နယ်ထိန်းချုပ်တုံ့ပြန်ရေး အဖွဲ့နှင့်ပူးပေါင်းအဖွဲ့မှ မြို့အဝင်အထွက်ဂိတ်များတွင် စစ်ဆေးခြင်း၊ မြို့တွင်း လှည့်ကင်း၊ ပတ်ကင်းများဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကလေးမြို့နယ်အတွင်း ပိုးသတ်ဆေးဖျန်းဆောင်ရွက်မှု မှတ်တမ်း
ကလေးမြို့နယ်အတွင်း ပိုးသတ်ဆေးဖျန်းဆောင်ရွက်မှု မှတ်တမ်း
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ရေဖြူမြို့နယ်၊ (က)ရပ်ကွက်၊ ထိန်ကြီး၊ လဲရှောင်၊ မူးဒူးကျေးရွာအုပ်စုများ၌ နေအိမ်ပြင်ပသို့ထွက်လျှင် မဖြစ် မနေ Maskကိုတပ်ပြီးမှထွက်ရန် အသိပညာပေး
ရေဖြူမြို့နယ်အနေဖြင့် (25.4.2020)ရက်နေ့တွင် (က)ရပ်ကွက်၊ ထိန်ကြီး၊ လဲရှောင်၊ မူးဒူးကျေးရွာအုပ်စုများ၌ နေအိမ်ပြင်ပသို့ထွက်လျှင် မဖြစ် မနေ Maskကိုတပ်ပြီးမှထွက်ရန် အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ပုဂံမြို့ဝင် /မြို့ထွက်စစ်ဆေးရေးဂိတ်များအား စနစ်တကျရှိစေရေး ၊ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်စေရေး စစ်ဆေး
၂၅.၄.၂၀၂၀ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင်ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း ဦးဆောင်သောအဖွဲ့ မှ ပုဂံ-ချောက်ဆက်သွယ်ရေးကားလမ်းမတွင် ဖွင့်လှစ်ထားရှိသည့် ပုဂံမြို့ဝင် /မြို့ထွက်စစ်ဆေးရေးဂိတ်များအား စနစ်တကျရှိစေရေး ၊ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်စေရေး ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေးရေးဂိတ်တွင်လိုအပ်လျက်ရှိသည့် Maskများထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Read More »