Pann Nu Lwin
-
ကိုရိုနာ ဗိုင်းရပ်စ်
ဝန်းသိုမြို့နယ်အဆင့် covid -19 ထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေးကော်မတီထံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်Volunteerစေတနာ့ ၀န်ထမ်းများမှ Cloth maskများ ချုပ်လုပ် လှူဒါန်း
၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၈ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင်ဝန်းသိုမြို့နယ်အဆင့် covid 19 ထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေးကော်မတီထံသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်Volunteerစေတနာ့ ၀န်ထမ်း များမှ ချုပ်လုပ် လှူဒါန်းသည့် Cloth masks များအား လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ပါသည်။ အဆိုပါ Cloth masks များအား CBFQနှင့်လိုအပ်သည့်နေရာများတွင် ပြန်လည်လှူဒါန်းသွားမည် ဖြစ်ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကွတ်ခိုင်မြို့နယ်အတွင်း covid-19ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း နှင့် ပတ်သက်၍ OHCတိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပိုးသတ်ဆေးဖျန်း
၂၈-၄-၂၀၂၀ရက်နေ့၊ ကွတ်ခိုင်မြို့နယ်အတွင်း covid-19ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း နှင့် ပတ်သက်၍ OHCတိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းအား ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ချောင်းဦးမြို့၊ အနော်ရထာခန်းမ၌ Dr. ပြည့်ဖြိုးမောင်မောင် ဦးဆောင်သောအဖွဲ့မှ PPEဝတ်စုံ၊ ဝတ်/ချွတ် နည်းနှင့် CBFQလူနာသယ်ဆောင်နည်းသင်တန်းပို့ချ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် (၂၈-၄-၂၀၂၀)ရက်နေ့တွင် ချောင်းဦးမြို့၊ အနော်ရထာခန်းမ၌ Dr. ပြည့်ဖြိုးမောင်မောင် ဦးဆောင်သောအဖွဲ့မှ PPEဝတ်စုံ၊ ဝတ်/ချွတ် နည်းနှင့် CBFQလူနာသယ်ဆောင်နည်းသင်တန်းပို့ချခဲ့ရာမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ သင်တန်းသား(၃၀)ဦးတက်ရောက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်မှသာ ဖွင့်လှစ်ခွင့်ပြုနိုင်ရေး ကွင်းဆင်း စစ်ဆေး
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်မှသာ ဖွင့်လှစ်ခွင့်ပြုနိုင်ရေး ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များမှ ငါန်းဇွန်မြို့နယ် ၊ မန္တလေးမြို့သာစက်မှုဥယျာဥ်မြို့တော်တည်ဆောက်ရေးစီမံကိန်း အတွင်းရှိ စက်ရုံအလုပ်ရုံများအား ၂၇-၄-၂၀၂၀ ရက်နေ့တွင် စက်ရုံ(၆)ခု ၊ ၂၈-၄-၂၀၂၀ ရက်နေ့တွင် စက်ရုံ(၂)ခု၊ စုစုပေါင်း(၈)ခု တို့အား စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မြင်းခြံမြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်ခွင့်ပြုနိုင်ရေး ကွင်းဆင်းစစ်ဆေးသည့်ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
(၂၈.၄.၂၀၂၀) ရက်နေ့ (၁၃၄၅)နာရီအချိန်တွင် မြင်းခြံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် သည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် တိုင်း(၁)လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့ကျန်းမာ၊ စည်ပင်၊ စက်မှုကြီးကြပ်၊ အလုပ်ဥပဒေ၊ အလုပ်ညွှန်တို့နှင့်အတူ စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်ခွင့်ပြုနိုင်ရေး ကွင်းဆင်းစစ်ဆေးသည့်ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဖလမ်းမြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ပြီး မြို့တွင်းလှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေး
ဖလမ်းမြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ပြီး မြို့တွင်းလှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးလျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဂန့်ဂေါမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ဂန့်ဂေါမြို့နယ် ကျောမြို့ရှိ FQ ထားသည့်နေရာများ ဆောင်ရွက်ထားရှိမှုအား လိုက်လံ စစ်ဆေး
ဂန့်ဂေါမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ဂန့်ဂေါမြို့နယ် ကျောမြို့ရှိ FQ ထားသည့်နေရာများ၊ ကျောမြို့ အဝင်/အထွက်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်များ၊ ဂန့်ဂေါမြို့ဝင်၊မြို့ထွက် စစ်ဆေးရေးဂိတ်များ ၊ ကျေးရွာများရှိ ပြည်တော်ပြန်များ FQ ထားရှိသည့်နေရာများမှ ကျန်းမာရေးစစ်ဆေးနေမှုများ၊အစိုးရစက်မှု၊လက်မှုသိပ္ပံကျောင်း (GTI) ရှိ FQ ထားရှိရန် ပြင်ဆင်ထားရှိမှုများ ကို လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မော်လမြိုင်တက္ကသိုလ် အဆောင်များတွင် (၂၁)ရက်တာ Community Based Facility Quarantine (CBFQ) နေထိုင်ခဲ့ပြီးသူများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ ပြန်လည်စေလွှတ်
၂၈-၄-၂၀၂၀ရက်နေ့၊ ၀၇၃၀နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ မော်လမြိုင်တက္ကသိုလ် အဆောင်များတွင် (၂၁)ရက်တာ Community Based Facility Quarantine (CBFQ)နေထိုင်ခဲ့ပြီးသူများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ ပြန်လည်စေလွှတ် ပို့ဆောင်ပေးခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့် မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကြက်ခြေနီတပ်ဖွဲ့၊လူမှူရေးအသင်းအဖွဲ့များမှတာဝန်ရှိသူများမှ လာရောက်ကြည့်ရှုအားပေးစကား ပြောကြားခဲ့ပြီး လိုအပ်ချက်များအား စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဆင်ဖြူရှင်တံတားထိပ်တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် မကွေးတိုင်းဒေသကြီးဘက်မှဝင်ရောက်လာသည့်ခရီးသည်များအား Covid-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေး
ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးစံပြကျေးရွာ၊ ဆင်ဖြူရှင်တံတားထိပ်တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် မကွေးတိုင်းဒေသကြီးဘက်မှဝင်ရောက်လာသည့်ခရီးသည်များအား Covid-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ(၂၈-၄-၂၀၂၀)ရက်နေ့ ၊ (၀၆၀၀)နာရီအချိန်ထိ ကား(၁၅၃)စီး၊ လူဦးရေ (၄၁၅)ဦးအား စစ်ဆေးဆောင်ရွက်နိုင်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
အောင်လံမြို့နယ်၊ မြို့ ၀င်/ ထွက် ဂိတ်များ၌ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် Covid-19 ကာကွယ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ၀င်များမှ မြို့ ၀င်/ ထွက် ဂိတ်များ၌ မော်တော်ယာဥ်များပေါ်တွင် လိုက်ပါလာကြသော ခရီးသည်များ၊ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်များအား ကျန်းမာရေးစစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။
Read More »