Pann Nu Lwin
-
ကိုရိုနာ ဗိုင်းရပ်စ်
ပေါက်တောမြို့နယ် မိုးလုံလေလုံအားကစားရုံတွင် CBFQ ဝင်ရောက်နေသည့် Quarantine( ၂၁)ရက်ပြည့်မြောက်သူ (၂)ဦးအား Quarantine ပြီးမြောက်ကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိအမှတ်ပြုလက်မှတ်ထုတ်ပေး
ပေါက်တောမြို့နယ် မိုးလုံလေလုံအားကစားရုံတွင် CBFQ ဝင်ရောက်နေသူ (၆)ဦးအနက် Quarantine( ၂၁)ရက်ပြည့်မြောက်သူ (၂)ဦးအား Quarantine ပြီးမြောက်ကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခဲ့ပြီး မိမိတို့ နေအိမ်များတွင် Home Quarantine (၇)ရက် နေထိုင်ကြရန် မှာကြားပြီး ၎င်းတို့မိဘများထံ ပြန်လည်လွှဲပြောင်းပြီးဖြစ်ပါကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဟားခါးမြို့ဆေးရုံလမ်းဆုံနှင့် ထန်တလန်လမ်းဆုံတို့တွင် Mask တပ်ပြီးမှအပြင်သို့ထွက်ရန် အသိပညာပေး
ဟားခါးမြို့နယ် COVID 19 ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ နှင့်လူငယ်ရေးရာကော်မတီတို့မှ ဟားခါးမြို့ဆေးရုံလမ်းဆုံနှင့် ထန်တလန်လမ်းဆုံတို့တွင် လမ်းပေါ်သို့သွားလာသူများအား လက်ကမ်းစာစောင်များဝှေခြင်း၊ Mask တပ်ပြီးမှအပြင်သို့ထွက်ရန်၊ မလိုအပ်ဘဲအပြင်မထွက်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် Quarantine နေရာများ လှည့်လည်ကြည့်ရှုစစ်ဆေး
၂၃-၄-၂၀၂၀ရက်နေ့တွင် ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် Quarantine နေရာများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မန္တလေး-တံတားဦး-မြို့သာ-မြင်းခြံ လမ်း (မြို့သာ)၌ အဝင်/အထွက် ယာဥ်မှတ်တမ်းများ ဆောင်ရွက်
ငါန်းဇွန် ၊ ၂၀၂၀ ၊ ဧပြီ ၂၃ မြို့နယ် COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဌဦးဇော်ဝင်း သည် ၀၈၀၀ အချိန်တွင် ထွေအုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကျန်းမာရေး၊ volunteer အဖွဲ့များ ပူးပေါင်း၍ မန္တလေး-တံတားဦး-မြို့သာ-မြင်းခြံ လမ်း (မြို့သာ)၌ အဝင်/အထွက် ယာဥ်မှတ်တမ်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကျောက်ပန်းတောင်းမြို့နယ်၊ တမ္ပဝတီစျေးဖွင့်လှစ်ရောင်းချမှုအခြေအနေအား မြို့နယ်ထိန်းချုပ်တုံ့ပြန်အဖွဲ့မှကွင်းဆင်းစစ်ဆေး
၂၃-၄-၂၀၂၀ရက်နေ့ ၁၀၀၀အချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ တမ္ပဝတီစျေးဖွင့်လှစ်ရောင်းချမှုအခြေအနေအား မြို့နယ်ထိန်းချုပ်တုံ့ပြန်အဖွဲ့မှကွင်းဆင်းစစ်ဆေးကြည့်ရှု့ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မြင်းခြံမြို့၊ စံပြစျေးတွင် (COVID-19) ရောဂါ အချိန်မီတားဆီးကာကွယ်နိုင်ရေးအတွက် Mask Campaign ကျင်းပဆောင်ရွက်
(၂၃.၄.၂၀၂၀)ရက်နေ့ (၀၈၀၀)နာရီအချိန် မြင်းခြံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် သည် မြင်းခြံမြို့၊ စံပြစျေးတွင် (COVID-19) ရောဂါ အချိန်မီတားဆီးကာကွယ်နိုင်ရေးအတွက် Mask များကို ပြည်သူအားလုံး အသုံးပြုနိုင်ရန် ပြည်သူ/ အမျိုးသား/ တိုင်း(၁)လွှတ်တော် ကိုယ်စားလှယ်၊ စည်ပင်ကော်မတီဝင်များ၊ စည်ပင်ဝန်ထမ်းများ၊ စျေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ Mask Campaign ကျင်းပဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ရေနံချောင်းမြို့နယ် စည်ပင်သာယာနယ်နိမိတ်အတွင်း စားသောက်ကုန်နှင့်ဆေးဝါးပစ္စည်းထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများမှအပ ကျန်ဈေးဆိုင်များအားလုံးနှင့် Mobile စနစ်ဖြင့်ရောင်းချသောဆိုင်များ ယာယီ ပိတ်သိမ်းမှုရှိ/ မရှိ စစ်ဆေး
(၂၃.၄.၂၀၂၀)ရက်နေ့ရေနံချောင်းမြို့နယ်တွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက်COVID-19 လုပ်ငန်းကြီးကြပ်မှုကော်မတီ/ မြို့နယ်ရဲတပ်ဖွဲ့/စည်ပင်သာယာရေးအဖွဲ့တို့မှ မြို့နယ်စည်ပင်သာယာနယ်နိမိတ်အတွင်း စားသောက်ကုန်နှင့်ဆေးဝါးပစ္စည်းထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများမှအပကျန်ဈေးဆိုင်များအားလုံးနှင့် Mobile စနစ်ဖြင့်ရောင်းချသောဆိုင်များ ကွမ်းယာဆိုင်များ ယာယီပိတ်သိမ်းမှုရှိ/မရှိ စစ်ဆေးလျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ပေါက်မြို့အားကစားကွင်း ယာယီပျံကျစျေး၌ စျေးရောင်း၊ စျေးဝယ်များအား အဝင်တွင်လက်ဆေးစေခြင်း ၊ Mask တပ်မလာသူများအား တပ်ဆင်ပေးခြင်း၊ အပူချိန်တိုင်းခြင်းများအား အဖွဲ့ဖြင့် စနစ်တကျ ဆောင်ရွက်
ပေါက်မြို့အားကစားကွင်း ယာယီပျံကျစျေး၌ စျေးရောင်း၊ စျေးဝယ်များအား အဝင်တွင်လက်ဆေးစေခြင်း ၊ Mask တပ်မလာသူများအား တပ်ဆင်ပေးခြင်း၊ အပူချိန်တိုင်းခြင်းများအား အဖွဲ့ဖြင့် စနစ်တကျ ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ရမည်းသင်းမြို့နယ် မြို့မဈေးကြီးတွင် mask တပ်ဆင်လာခြင်း မရှိသူများအား အသိပညာပေး
ရမည်းသင်းမြို့နယ်၊ရွာတန်း —————– ဈေးကြီးစျေးနေ့(ဒုအကြိမ်) —————- ၂၂-၄-၂၀၂၀ရက်နေ့ ၊၀၇၀၀နာရီ-၀၉၀၀နာရီ covid-19 ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့်ထိန်းချုပ်နိုင်ရေးလုပ်ငန်း အထောက်အကူပြုစေရန် မြို့နယ်ကော်မတီဆုံးဖြတ်ချက်ဖြင့် လွှတ်တော်ကိုယ်စားလှယ်၊မြို့မိမြို့ဖ၊ထွေအုပ်၊ရဲတပ်ဖွဲ့၊စည်ပင်၊မီးသတ်၊ကြက်ခြေနီ၊နှင့်အုပ်ချုပ်ရေးမှူးများ၊စျေးမိစျေးဖများပါဝင်သောအဖွဲ့စုံဖြင့်အဖွဲ့(၃)ဖွဲ့ ခွဲကာ ဈေးဝင်ပေါက်(၂)ပေါက်နှင့် လမ်းဆုံနေရာ တွင် နှာခေါင်းစည်းတပ်ဆင်လာခြင်းမရှိသူ(၆၃၃)ဦးအားလည်းကောင်း၊မြို့မစျေးကြီးတွင်ဒုမနဥ ဦးစီးအဖွဲ့စုံမှ(၁၅၀)ဦးအားလည်းကောင်း စုစုပေါင်း(၇၈၃)ဦးအားလည်းကောင်း ပညာပေး ဆွေးနွေးကာ mask တစ်ခုလျှင် (၅၀၀နှုန်း) ဖြင့် တပ်ဆင်စေခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဆားလင်းကြီးမြို့နယ်တွင် Covid 19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေး
(၂၂-၄-၂၀၂၀)ရက်နေ့ ၀၈၀၀ အချိန်မှ ၁၀၀၀အချိန်အထိ ဆားလင်းကြီးမြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ပခုက္ကူ-မုံရွာကားလမ်းပေါ် သွားလာနေသောပြည်သူ (၄၃၁)ဦးအားလည်းကောင်း၊ အမှတ်(၂)ရပ်ကွက် မြို့အဝင် ကားလမ်းပေါ် သွားလာနေသောပြည်သူ (၃၉၀)ဦးအားလည်းကောင်း၊ အမှတ်(၃)ရပ်ကွက် လေးထပ်ဘုန်းကြီးကျောင်းရှေ့၊ ဆားလင်းကြီး-ပေါင်းဝကားလမ်းပေါ် သွားလာနေသော ပြည်သူ (၄၁၀)ဦးအားလည်းကောင်း Covid 19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More »