Pann Nu Lwin
-
ကိုရိုနာ ဗိုင်းရပ်စ်
ကလေး မြို့နယ် အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားကုန်(၅)မျိုး အားဝေငှပေးနိုင်ရေး မြို့တော်ခန်းမအတွင်း ပစ္စည်းရရှိမှု ၊ထုတ်ပိုးမှုအခြေအနေများ ရပ်ကွက်အတွင်းတစ်ဆင့်ခံပြန်လည်ဖြန့်ဝေမည့်နေရာများအဆင်ပြေချောမွေ့မှုရှိစေရေး လိုက်လံစစ်ဆေးဆောင်ရွက်ခြင်း
(၁၀-၄-၂၀၂၀)ရက်နေ့၊ ၁၄၀၀အချိန်တွင် ကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းကျော်နိုင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး(ခ)ဒေါ်အေးအေးမူတို့သည် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားကုန်(၅)မျိုး အားဝေငှပေးနိုင်ရေး မြို့တော်ခန်းမအတွင်း ပစ္စည်းရရှိမှု ထုတ်ပိုးမှုအခြေအနေများ ရပ်ကွက်အတွင်းတစ်ဆင့်ခံပြန်လည်ဖြန့်ဝေမည့်နေရာများအဆင်ပြေချောမွေ့မှုရှိစေရေး လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ပင်လည်ဘူး မြို့နယ် COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းဆောင်ရွက်မှု
(၁၀-၄-၂၀၂၀) (၀၈၃၀ )အချိန်တွင် မြို့နယ်စီ/ခန့်ဥက္ကဌဦးခိုင်လင်းနိုင်နှင့်စီခန့်အဖွဲ့၀င်များ မြို့နယ်ဆရာဝန်ကြီးတို့သည် ပင်လည်ဘူးမြို့နယ်၊ အုန်းမြေကုန်းကျေးရွာအုပ်စုရှိ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်၍ တားဆီးကာကွယ်ကုသနိုင်ရေး အတွက် Community Based Facility Quarantine Centre ဖွင့်လှစ်ထားသော တောင်ဘို့လှကျေးရွာရှိ စာသင်ကျောင်းတွင် စောင့်ကြည့်နေရပ်ပြန်များနှင့်တွေ့ဆုံကာ အားပေးနစ်သိမ့်ခြင်း၊Covid 19 ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းများဆွေးနွေးပြောကြား ခဲ့ကြပါကြောင်း ဆက်လက်၍ (၁၀၀၀) အချိန်တွင် ပင်လည်ဘူးမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသန်းလှိုင်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးသန်းလှိုင်၊ မြို့နယ်စီ/ခန့်ဥက္ကဌဦးခိုင်လင်းနိုင် မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ မြို့မိမြို့ဖများသည် မြို့နယ်ရှိဈေးသည်ကုန်သည်များ နှင့်တွေ့ဆုံ၍ ပင်လည်ဘူးမြို့နယ်၌ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား များအတွက် အခြေခံစားသောက်ကုန် များအား ၀ယ်ယူပြီးဖြန့်ဝေနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လဟယ် မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြခံလူတန်းစားအိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန်ထောက်ပံ့ပေးအပ်ခြင်း
(၁၀-၄-၂၀၂၀) ရက်နေ့တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့နယ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့ဥက္ကဌဦးကေဆိုင်း၊အတွင်းရေးမှူးဦးသန်းရွှေနှင့်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးမျိုးညီညီတို့မှ ရပ်ကွက်/ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြခံလူတန်းစားအိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန်ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ မြို့အဝင်တွင် ထွေ/အုပ်၊ ရဲ၊ မီးသတ်၊ ကျန်းမာရေး၊ လ.ဝ.က၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ခရီးသွားပြည်သူများအား နေ့စဥ်ကျန်းမာရေးစစ်ဆေးခြင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ပိုးသတ်ဆေးဖြန်းခြင်း
(၁၀.၄.၂၀၂၀)ရက်နေ့ တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်မြို့အဝင်တွင် ထွေ/အုပ်၊ ရဲ၊ မီးသတ်၊ ကျန်းမာရေး၊ လ.ဝ.က၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ခရီးသွားပြည်သူများအား နေ့စဥ်ကျန်းမာရေးစစ်ဆေးလျက်ရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ပိုးသတ်ဆေးဖြန်းလျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ၊တမူးမြို့နယ်၊ တမူးမြို့အဝင်/အထွက်တွင် ကျန်းမာရေးစစ်ဆေးခြင်းအားနေ့စဥ် ပုံမှန်စစ်ဆေးဆောင်ရွက်မှု
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ၊တမူးမြို့နယ်၊ တမူးမြို့အဝင်/အထွက်တွင် ကျန်းမာရေးစစ်ဆေးခြင်းအားနေ့စဥ်ဆောင်ရွက်လျက်ရှိရာ (၁၀.၄..၂၀၂၀)ရက်နေ့၌ (၄)မိုင်ဂိတ်နှင့် ချောင်းနက်ကြီးဂိတ်များတွင် သက်ဆိုင်ရာဌာနများ၊ လူမှုကူညီရေးအဖွဲ့များဖြင့် ပုံမှန်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကျေးရွာတွင်း လမ်းများအား ထုံးဖြူးခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်း၊ ကျေးရွာအတွင်း ပရိတ်တရားရွတ်ဖတ်ခြင်းများ ဆောင်ရွက်မှု
(၁၀.၄.၂၀၂၀ )ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကျေးရွာတွင်း လမ်းများအား ထုံးဖြူးခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်း၊ ကျေးရွာအတွင်း ပရိတ်တရားရွတ်ဖတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More » -
CBFQ များတွင် ကျန်းမာရေး စောင့် ေရှာက်ပေးမှု
(၁၀-၄-၂၀၂၀)ရက်နေ့၊ (၀၈၃၀)နာရီတွင် မင်းကင်းအထက CBFQရှိ ကျား (၃)ဦး၊ မ (၁ )ဦး ၊ ပေါင်း (၄)ဦးနှင့် ျေး ရွာ များရှိ CBFQ ၄နေရာတွင် ကျား (၄) ၊ မ(၁) ပေါ င်း (၅)ဦးကျန်းမာ ေရ း ကောင်းမွန်ပါသည်။ မြို့နယ်အတွင်းကုန်းလမ်းဝင်ပေါက်( ၄) နေရာ၊ရေလမ်းဝင်ပေါက်( ၃) နေရာတို့တွင်လည်းနေ့စဥ်ကျန်းမာရေးစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မင်းတပ်ခရိုင်အတွင်းရှိမင်းတပ် ၊ ကန်ပက်လက် ၊ မတူပီမြို့နယ်များမှ Covid-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်မှု
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်အတွင်းရှိမင်းတပ် ၊ ကန်ပက်လက် ၊ မတူပီမြို့နယ်များမှ Covid-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်မှု
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မတူပီမြို့နယ်၊ စန်ဘောင်ရပ်ကွက်အိမ်ထောင်စု ၂၇၉ စု အား ဆန်၊ ဆီ ၊ဆား၊ ပဲ ဖြန့်ဝေမှု
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဒုခရိုင်အုပ်/မှူး၊ မနဥနှင့် ဌာနဆိုင်ရာများမှ အဖွဲ့ ၃ ဖွဲ ခွဲ၍ (၁၀-၄-၂၀၂၀) ရက်နေ့၊ ၁၁၀၀ နာရီမှ စတင်ကာ စန်ဘောင်ရပ်ကွက် ရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၂၇၉ စု အား ဆန်၊ ဆီ ၊ဆား၊ ပဲ ဖြန့်ဝေပေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မင်းတပ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားကုန် ၅မျိုးထောက်ပံ့ပေးအပ်မှု
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားကုန် ၅မျိုးထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Read More »