အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအတွက် Basic Public Management Course Online သင်တန်း စတင်ဖွင့်လှစ်ပို့ချ”

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအတွက် Basic Public Management Course Online သင်တန်း စတင်ဖွင့်လှစ်ပို့ချ”
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ နီပွန် ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွင်ပါဝင်သည့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများအား ကောင်းမွန်သောအစိုးရဖော်ဆောင်မှုနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် စွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍ ရက်သတ္တ (၁၂)ပတ်ကြာဖွင့်လှစ်မည့် Basic Public Management Course သင်တန်းကို Video Conferencing စနစ်ဖြင့် စတင်ဖွင့်လှစ်ပို့ချခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ(၂၈)ရက်မှ စတင်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းဖွဲ့စည်းကာ အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးမူဘောင်(၂၀၁၉)အား နယ်ပယ် (၆)ရပ်ဖြင့် ဌာန၏အသွင်သဏ္ဍာန်နှင့် အနှစ်သာရ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါနယ်ပယ်(၆)ရပ်အနက်မှ နယ်ပယ်(၄)၏မျှော်မှန်းရလဒ်(S-4.2) ဖြစ်သောသင်တန်းများ၊ သင်ခန်းစာများနှင့် သင်ကြားနည်းစနစ်များကို အဆင့်မြှင့်တင်နိုင်ရန်လုပ်ငန်းစဉ်များအနက်မှ နိုင်ငံတကာအဆင့်မီ သင်ခန်းစာများနှင့် သင်ကြားနည်းစနစ်များကို ပထမအကြိမ် Online မှတဆင့် သင်ကြားပို့ချမှုကို စတင်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဌာနသည် ပြုပြင်ပြောင်းလဲမှုအရွေ့ တစ်ခုကို ဖော်ဆောင်နေသည့်ကာလဖြစ်သည့်အတွက် သင်တန်းတက်ရောက်သူများ အနေဖြင့် အထူးအလေးထားကြိုးစားရန်လိုအပ်ပါကြောင်း သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။