ကိုရိုနာ ဗိုင်းရပ်စ်
-
မြို့နယ်အသီးသီးမှ ဘုတလင်မြို့နယ်သို့ ပြန်လာကြသူများအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေး
(25.4.2020)ရက်နေ့ ဘုတလင်မြို့နယ်၊ မြို့ဝင်/မြို့ထွက် မုံရွာ-ရေဉီးကားလမ်းတွင် ထွေ/အုပ်၊ ရဲ၊ လဝက၊ ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အသီးသီးမှ ဘုတလင်မြို့နယ်သို့ ပြန်လာကြသူများအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခဲ့ပါသည်။
Read More » -
တံတားဦးမြို့နယ် COVID- 19ရောဂါထိန်း/တုံ့ ဥက္ကဌ (မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးလှဝင်းအောင်သည် ဈေးချိုကျေးရွာများမှ ဒေသထွက်ကုန်လုပ်ငန်းဖြစ်သည့် သရက်ချဉ် လုပ်ငန်းအလုပ်ရုံများသို့ သွားရောက်၍ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ စစ်ဆေး
၂၅-၄-၂၀၂၀ ရက်နေ့ ၁ဝ၀၀ချိန်မှ ၁၂ဝ၀ချိန်ထိ တံတားဦးမြို့နယ် COVID- 19ရောဂါထိန်း/တုံ့ ဥက္ကဌ (မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးလှဝင်းအောင်သည် ဈေးချိုကျေးရွာများမှ ဒေသထွက်ကုန်လုပ်ငန်းဖြစ်သည့် သရက်ချဉ် လုပ်ငန်းအလုပ်ရုံများသို့ သွားရောက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အမိန့်များ၊ဒေသန္တရအမိန့်နှင့် MOHS ၏ စက်ရုံ၊အလုပ်ရုံများ၊လုပ်ငန်းခွင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့လမ်းညွှန်ချက်(Version 3.0)နှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ကျေးရွာစောင့်ကြည့်ရေးအဖွဲ့များ ကျန်းမာရေးဌာနဝန်ထမ်းများနှင့် အတူ စစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
Read More » -
စဉ့်ကူးမြို့နယ် အတွင်း နယ်စပ်ဝင်ပေါက်များမှ ပြန်လည်ဝင်ရောက်လာမည့် နိုင်ငံသားများလက်ခံထားရှိမည့် community base facility quarantine center များအား မြို့နယ်covid-19 ကော်မတီမှကွင်းဆင်းစစ်ဆေး
၂၅-၄-၂၀၂၀ ရက်နေ့ ၀၈၃၀နာရီ အချိန် စဉ့်ကူးမြို့နယ် အတွင်း နယ်စပ်ဝင်ပေါက်များမှ ပြန်လည်ဝင်ရောက်လာမည့် နိုင်ငံသားများလက်ခံထားရှိမည့် community base facility quarantine center များအား မြို့နယ်covid-19 ကော်မတီမှကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
Read More » -
ငါန်းဇွန်မြို့မဈေးရှိ ပျံကျဈေးသည်များ ၊ ဈေးဝယ်လာရောက်သည့်သူများအား home made mask (၄၀၀)ခု ဝေငှ
ငါန်းဇွန် ၊ ၂၀၂၀ ၊ ဧပြီ ၂၅ ငါန်းဇွန်မြို့နယ်တွင် ဌာနဆိုင်ရာ ၊ အဖွဲ့အစည်းအသီးသီးထံသို့ လာရောက်လှူဒါန်းသည့် လျှော်ဖွတ်အသုံးပြုနိုင်သည့် hand made mask များကို ၀၇၀၀ အချိန်တွင် ငါန်းဇွန်မြို့မဈေးရှိ ပျံကျဈေးသည်များ ၊ ဈေးဝယ်လာရောက်သည့်သူများအား ပြည်သူ့လွှတ်တော် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်စည်ပင် ၊ စည်ပင်ကော်မတီဝင်များ၊ volunteer များပူးပေါင်း၍mask campaign အဖြစ် (၄၀၀)ခုကို ဝေငှပေးခဲ့ကြပါသည်။
Read More » -
မင်းလှမြို့နယ်ရှိ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်တို့အား COVID -19 ကာလအတွင်း ဆွမ်းဘုန်းများ အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်နီတို့ကို လှူဒါန်း
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ရှိ ဓမ္မိကစာသင်တိုက်၊ စာကြောစာသင်တိုက်၊ မလွန်ရေခါးစာသင်တိုက်၊ မြို့ပေါ်ရပ်ကွက်များမှ ဘုန်းတော်ကြီးကျောင်းများ အပါအဝင် ကျောင်း၂၅ ကျောင်းနှင့် သီလရှင်ကျောင်း(၁)ကျောင်း၊ စုစုပေါင်း ၂၆ ကျောင်းရှိ ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်တို့အား COVID -19 ကာလအတွင်း ဆွမ်းဘုန်းများ အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်နီတို့ကို မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ အစီအစဉ်ဖြင့် လှူဒါန်းခဲ့ပါသည်။
Read More » -
ကွတ်ခိုင်မြို့နယ်အတွင်း covid-19ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ မြို့ဝင်/မြို့ထွက်များဖြစ်သည့် အော်ရီယန်တယ်တိုးဂိတ်နှင့်ကောင်းခါးလမ်းဆုံတို့တွင် အပူချိန်တိုင်း ကိရိယာစက်ဖြင့် ခရီးသွားပြည်သူများအား ပုံမှန်ကျန်းမာရေးစစ်ဆေး
၂၀၂၀အေ၂၄ရက်နေ့ကွတ်ခိုင်မြို့နယ်အတွင်း covid-19ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း နှင့် ပတ်သက်၍ မြို့ဝင်/မြို့ထွက်များဖြစ်သည့် အော်ရီယန်တယ်တိုးဂိတ်နှင့်ကောင်းခါးလမ်းဆုံတို့တွင် Volunteer အဖွဲ့များမှ မြို့ဝင်/မြို့ထွက် အပူချိန်တိုင်း ကိရိယာစက်ဖြင့် ခရီးသွားပြည်သူများအားပုံမှန်ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုကိုကြီးကြပ်ဆောင်ရွက်ခြင်းနှင့် အခြေချစစ်ဗျူဟာကွတ်ခိုင် ဆေးတပ်ရင်းမှ မြို့နယ်ထွေအုပ်ရုံးအတွင်း ပိုးသတ်ဆေးဖျန်းခြင်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
Read More » -
ချောင်းဦးမြို့နယ်၊ အမြင့်ကျေးလက်စျေးနှင့် စျေးဆိုင်များရှိ စျေးသည်/ စျေးဝယ်များ Mask တပ်ဆင်၍ စနစ်တကျ ရောင်းဝယ်စေ
(၂၅-၄-၂၀၂၀)ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ အမြင့်ကျေးလက်စျေးနှင့်စျေးဆိုင်များရှိ စျေးသည် စျေးဝယ်များ Mask တပ်ဆင်စေခြင်း၊ လိုက်နာရမည့်စည်းကမ်းများပါရှိသည့်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ (၅)ရက် (၁)ကြိမ် ရောင်းဝယ်သည့် အမြင့်ပျံကျစျေးအား (၆ )ပေအကွာ ရောင်းဝယ်နိုင်ရေး စီမံဆောင်ရွက်ခြင်းတို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ပေါက်တောမြို့နယ် မိုးလုံလေလုံအားကစားခန်းမတွင် ထားရှိသော FQ ၂၁ ရက်ပြည့်မြောက်သူ ၃ ဦးအား ပြန်လည်စေလွှတ်
ပေါက်တောမြို့နယ် မိုးလုံလေလုံအားကစားခန်းမတွင် ထားရှိသော FQ ၄ ဦးအနက် ၂၁ ရက်ပြည့်မြောက်သူ ၃ ဦးအား ပြန်လည်စေလွှတ်ပြီး HQ ၇ရက် နေထိုင်ရန်မှာကြားခဲ့ပါသည်။
Read More » -
ဆားလင်းကြီးမြို့နယ်တွင် Covid- 19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေး
(၂၅-၄-၂၀၂၀)ရက်နေ့ ၀၇၀၀နာရီ အချိန်မှ ၀၉၃၀နာရီအချိန်အထိ ဆားလင်းကြီးမြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ပခုက္ကူ-မုံရွာကားလမ်းပေါ် သွားလာနေသောပြည်သူ (၄၃၂)ဦးအားလည်းကောင်း၊ အမှတ်(၂)ရပ်ကွက် မြို့အဝင် ကားလမ်းပေါ် သွားလာနေသောပြည်သူ (၆၂၆)ဦးအားလည်းကောင်း၊ အမှတ်(၃)ရပ်ကွက် လေးထပ်ဘုန်းကြီးကျောင်းရှေ့၊ ဆားလင်းကြီး-ပေါင်းဝကားလမ်းပေါ် သွားလာနေသော ပြည်သူ (၃၉၅)ဦးအားလည်းကောင်း Covid 19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More » -
မော်လိုက်မြို့၊ယာယီဈေး(ကမ်းနားဈေး)ရှိ ဈေးသည်များအား စည်ပင်ဝန်ထမ်းများမှ အဝတ်စဖြင့် ချုပ်ထားသည့် နှာခေါင်းစည်းMask များအား လိုက်လံပေးဝေ
၂၀၂၀ပြည့်နှစ် ဧပြီလ ၂၅ ရက်နေ့ နံနက်(၀၈၀၀)နာရီအချိန်တွင် မော်လိုက်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်သည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်၊မော်လိုက်မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသက်မြင့်ဦး၊မြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဌ၊အမှုဆောင်အရာရှိနှင့်စည်ပင်ဝန်ထမ်းများ၊ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနဝန်ထမ်းများနှင့်အတူ မော်လိုက်မြို့၊ယာယီဈေး(ကမ်းနားဈေး)ရှိ ဈေးသည်များအား စည်ပင်ဝန်ထမ်းများမှ အဝတ်စဖြင့် ချုပ်ထားသည့် နှာခေါင်းစည်းMask များအား လိုက်လံပေးဝေခဲ့ကြပါသည်။
Read More »