ကိုရိုနာ ဗိုင်းရပ်စ်
-
မင်းလှ အ-ထ-က ကျောင်း၌ ပြည်ပမှပြန်ရောက်လာသူများFacility Quarantineထားရှိရန်အတွက် ပြင်ဆင်
၂-၅-၂၀၂၀ရက်နေ့တွင် မင်းလှ အ-ထ-က ကျောင်း၌ ပြည်ပမှပြန်ရောက်လာသူများFacility Quarantineထားရှိရန်အတွက် ပြင်ဆင်ထားရှိမှုများအား ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးကျော်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမောင်ကို၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်စိုးဦးတို့ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More » -
အောင်လံမြို့နယ် ရွာထောင်ရပ်ကွက်ရှိ သီတဂူ ဇောတိကစက္ခုဒါနဆေးရုံ၌ ထပ်မံရောက်ရှိလာမည့် ပြည်ပပြန်များ FQ ထားရှိနိုင်ရေး ပြင်ဆင်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦး သည် (၂.၅.၂၀၂၀) ၊(၁၂၃၀)နာရီချိန်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် အောင်လံမြို့၊အထက(၁)ရှိ FQ ထားရှိသူများအတွက် ဆန် (၁၀၀)အိတ်နှင့် မနဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် ဆန်(၂၀)အိတ် ပေးအပ်ခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များနှင့်အတူ (၁၂၄၅)နာရီချိန်တွင် ရွာထောင်ရပ်ကွက်ရှိ သီတဂူ ဇောတိကစက္ခုဒါနဆေးရုံ ၌ ထပ်မံရောက်ရှိလာမည့် ပြည်ပပြန်များ FQ ထားရှိနိုင်ရေး ပြင်ဆင်ထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More » -
တနိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ PPEဝတ်စုံ ဝတ်/ချွတ်နည်း သင်တန်းပေး
၁.၅.၂၀၂၀ ရက်နေ့တွင် မနအ(တနိုင်း)အစည်းအဝေးခန်းမ၌ PPEဝတ်စုံ ဝတ်/ချွတ်နည်း သင်တန်းပေးခြင်းအနားပြုလုပ်ခဲ့ရာ covid-19ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံစိတ်ပါဝင်စားသူများပါဝင်ခဲ့၍ အဆိုပါသင်တန်းသို့ တက်ရောက်လာသူများအား maskများ ဝေငှပေးခြင်း၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများမှ PPEဝတ်စုံ ဝတ်/ချွတ်နည်း သရုပ်ပြရှင်းလင်းခြင်း၊ တက်ရောက်လာသည့်သူများမှ သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခြင်းနှင့် သရုပ်ပြဝတ်ဆင်စေခြင်းများ ပြုလုပ်ခဲ့ပြီး သင်တန်းအား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
Read More » -
ရေဖြူမြို့နယ်၊ ပိန်းရှောင်ကျေးရွာFQCအားပိုးသတ်ဆေးဖျန်း
၂-၅-၂၀၂၀ရက်နေ့တွင် ရေဖြူမြို့နယ်၊ ပိန်းရှောင်ကျေးရွာFQCအားပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့ပါသည်။
Read More » -
မော်လမြိုင်တက္ကသိုလ် (၁၀)မြို့နယ်အဆောင်တွင်း Community Based Facility Quarantine (CBFQ)ဆောင်ရွက်ထားသည်နေရာများအား စစ်ဆေး၍ လိုအပ်ချက်များ ဖြည့်ဆည်း
၂-၅-၂၀၂၀ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်Drအေးဇံ နှင့် တာဝန်ရှိသူများမှ မော်လမြိုင်တက္ကသိုလ် (၁၀)မြို့နယ်အဆောင်တွင်း Community Based Facility Quarantine (CBFQ)ဆောင်ရွက်ထားသည်နေရာများအား လိုက်လံကြည့်ရှု့စစ်ဆေး၍ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
Read More » -
ထန်ထလန်မြို့နယ်၊ CBFQ နတလကျောင်းတွင် quarantineထားရှိသူ (၃၅) ဦးအတွက် အလှူရှင်များမှ သရေစာများ လာရောက်လှူဒါန်း
ထန်ထလန်မြို့နယ်၊ CBFQ နတလကျောင်းတွင် quarantineထားရှိသူ (၃၅) ဦးအတွက် အလှူရှင်များမှ သရေစာများ လာရောက်လှူဒါန်း
Read More » -
ကုန်းကြမ်းမြို့နယ် ရှင်ဖျင်ကိုင်းကျေးရွာဂိတ်တွင် ကျန်းမာရေးစစ်ဆေး
ကုန်းကြမ်းမြို့နယ်အတွင်း COVID-19 ကာကွယ်၊ကုသ၊ထိန်းချုပ်ရေး မြို့နယ်အဆင့်ကော်မတီဥက္ကဌနှင့်အဖွဲ့၀င်များမှ ရှင်ဖျင်ကိုင်းကျေးရွာဂိတ်တွင် ကျန်းမာရေးစစ်ဆေးနေမှုအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
Read More » -
တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားအလုပ်သမားများ၄၀၀ဦးခန့် ညအိပ်ရပ်နားခဲ့သည့်ကွတ်ခိုင်မြို့ အထက၂ကျောင်းအား ပိုးသတ်ဆေးဖျန်း
၂-၅-၂၀၂၀ရက်နေ့ ကွတ်ခိုင်မြို့နယ်အတွင်း covid-19ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း နှင့် ပတ်သက်၍တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသည့်မြန်မာနိုင်ငံသားအလုပ်သမားများ၄၀၀ဦးခန့် ညအိပ်ရပ်နားခဲ့သည့်ကွတ်ခိုင်မြို့ အထက၂ကျောင်းအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်း များမှပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ပါသည်။
Read More » -
မြို့သစ်မြို့နယ်အတွင်း ပြည်တော်ပြန် တစ်ဦးလျှင် အဝတ်စmask (၅)ခုနှုန်း အခမဲ့ဖြန့်ဝေနိုင်ရေးအတွက် စေတနာရှင်စက်ချုပ်သူများက ချုပ်လုပ်လျက်ရှိ
မြို့သစ်မြို့နယ်အတွင်း ပြည်တော်ပြန် တစ်ဦးလျှင် အဝတ်စmask (၅)ခုနှုန်း အခမဲ့ဖြန့်ဝေနိုင်ရေးအတွက် အပ်ချုပ်စက်များစုစည်း၍ စေတနာရှင်စက်ချုပ်သူများအား ထွေအုပ် အစည်းအဝေးခန်းမအတွင်း သတ်မှတ်အကွာအဝေးအတိုင်း ချုပ်လုပ်စေပြီး အဝတ်စ Mask ချုပ်လုပ်ဆောင်ရွက်မှုကို မြို့နယ်အုပ်ချုပ်ရေးမှူး၏စီမံမှု၊ အမျိုးသမီးရေးရာအဖွဲ့၏ ကြီးကြပ်မှုတို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး တစ်ပတ်အတွင်း ၅၀၀၀ ထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။
Read More » -
အောင်လံမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသည် ပြည်ပနိုင်ငံများ (ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ) တို့မှ ပြန်လည်၀င်ရောက်လာမည့်သူများအား အထက၁ FQ တွင် ထပ်မံထားနိုင်ရေး ညှိနှိုင်းဆွေးနွေး
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသည် ပြည်ပနိုင်ငံများ (ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ) တို့မှ ပြန်လည်၀င်ရောက်လာမည့်သူများအား အထက၁ FQ တွင် ထပ်မံထားနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ အထက ၁ တွင် FQ ထားရှိသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အောင်လံမြို့နယ်၊ တလုပ်ပင်ကျေးရွာရှိ တရုတ်ပြန် ၃၄ ဦးထားသည့် ရပ်/ကျေး FQ သို့ ကွင်းဆင်း၍ ကျန်းမာရေးအသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More »