ကိုရိုနာ ဗိုင်းရပ်စ်
-
ပခုက္ကူမြို့နယ်သို့ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ပြည်တော်ပြန်များ Quarantine(၂၁)ရက်ထားရှိရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
(၁-၅-၂၀၂၀)ရက်နေ့ (၁၀၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ COVID-19ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပခုက္ကူမြို့နယ်သို့ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ပြည်တော်ပြန်များ Quarantine(၂၁)ရက်ထားရှိရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More » -
ရေဖြူမြို့(က)ရပ်ကွက်၊ (ခ)ရပ်ကွက်လမ်းဆုံ၌ ခရီးသွားမိဘပြည်သူများအား Maskများပေးဝေ
၁-၅-၂၀၂၀ရက်နေ့(၀၈၀၀)နာရီအချိန်တွင်(COVID -19)ရောဂါကာကွယ်၊ထိန်းချုပ်၊ရေးအတွက် ရေဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊တိုင်းကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့သည် ရေဖြူမြို့(က)ရပ်ကွက်၊ (ခ)ရပ်ကွက်လမ်းဆုံ၌ ခရီးသွားမိဘပြည်သူများအား Maskများပေးဝေခြင်း၊ ပုဂေါဇွန်း၊ ရလိုင်၊ သစ်တိုထောင့်၊ ပိန်းရှောင်ကျေးရွာများရှိ QCများသို့ Maskနှင့် Hand Gelထောက်ပံ့ခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကန့်ဘလူမြို့နယ် စီ/ခန့်ဥက္ကဌ သည် မြို့ပေါ် (၅)ရပ်ကွက်အား စုစည်း၍ဖွင့်လှစ်ထားရှိသော အထက-၂ quarantine center သို့သွားရောက်ကြည့်ရှု့၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်
ကန့်ဘလူမြို့နယ် စီခန့်ဥက္ကဌ သည် ယနေ့ (1-5-2020)ရက်နေ့တွင် မြို့ပေါ် (၅)ရပ်ကွက်အား စုစည်း၍ဖွင့်လှစ်ထားရှိသော အထက-၂ quarantine center သို့သွားရောက်ကြည့်ရှု့ပြီး တာဝန်ခံဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
Read More » -
ဘုတလင်မြို့နယ်၊ မြို့ဝင်/မြို့ထွက် မုံရွာ-ရေဉီးကားလမ်းတွင် မြို့နယ်အသီးသီးမှ ဘုတလင်မြို့နယ်သို့ ပြန်လာကြသူများအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေး
(1.5.2020)ရက်နေ့ နံနက်ပိုင်း ဘုတလင်မြို့နယ်၊ မြို့ဝင်/မြို့ထွက် မုံရွာ-ရေဉီးကားလမ်းတွင် ထွေ/အုပ်၊ ရဲ၊ လဝက၊ ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ်အသီးသီးမှ ဘုတလင်မြို့နယ်သို့ ပြန်လာကြသူ ကျား(43)ဦး၊ မ(28)ဦး၊ စုစုပေါင်း(71)ဦးတို့အား ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခဲ့ပါသည်။
Read More » -
ဖောင်းပြင် မြို့နယ်အတွင်း ဝင်/ထွက်သွားလာလျက်ရှိသည့် ပြည်သူများက COVID-19ရောဂါကာကွယ်ရန် နှာခေါင်းစီး(Mask)များတပ်ဆင်မှုရှိ/မရှိ စစ်ဆေးဆောင်ရွက်
၁-၅-၂၀၂၀ရက်နေ့ ၁၀၀၀နာရီအချိန်တွင် ဖောင်းပြင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးခင်မောင်မြင့်သည် မြို့နယ်အတွင်း ဝင်/ထွက်သွားလာလျက်ရှိသည့် ပြည်သူများက COVID-19ရောဂါကာကွယ်ရန် နှာခေါင်းစီး(Mask)များတပ်ဆင်မှုရှိ/မရှိ၊ မြို့ဝင်/ထွက်ဂိတ်များတွင် COVID-19ရောဂါကာကွယ်ရေးအတွက် မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးဆောင်ရွက်နေမှုများနှင့် မိုးရွာသွန်းခြင်း ၊လေပြင်းတိုက်ခတ်ခြင်းများကြောင့် မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်အဆောက်အဦများ၏အခြေအနေတို့ကို လှည့်လည်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကောလင်းမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း ကုန်စိမ်းနှင့်ဟင်းသီးဟင်းရွက်ရောင်းချနေသော စျေးသူ/စျေးသားများအား အဝတ် Mask များ အခမဲ့ပေးဝေ
ကောလင်းမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းသည် ၃၀-၄-၂၀၂၀ ရက်နေ့ ၁၃၀၀ အချိန်တွင် စက်ရုံလယ်ပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်မှတာဝန်ရှိသူများ၊ ကသာခရိုင်လူငယ်ရေးရာကော်မတီတာဝန်ခံ ကိုကျော်ဇင်သန့် ဦးဆောင်သော လူငယ်အဖွဲ့များနှင့်အတူ ကောလင်းမြို့ပြည်သူ့အားကစားကွင်းအတွင်းကုန်စိမ်းနှင့်ဟင်းသီးဟင်းရွက်ရောင်းချနေသော စျေးသူစျေးသားများအား ပရဟိတလူငယ်များမှကိုယ်တိုင်ချုပ်လုပ်ထားသော အဝတ် Mask များ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
Read More » -
ဗန်းမောက်မြို့နယ် ovid-19ရောဂါ ထိန်းချုပ်ရေး၊ ကြိုတင်တားဆီးကာကွယ်ရေး ၊ပြည်သူလူထုအသိပညာပေးရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်
(၃၀-၄-၂၀၂၀)ရက်နေ့ (၁၀၀၀)နာရီအချိန် မြို့တော်ခန်းမ၌ ဗန်းမောက်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊စာရေးဝန်ထမ်းများနှင့် covid-19ရောဂါ ထိန်းချုပ်ရေး၊ ကြိုတင်တားဆီးကာကွယ်ရေး ၊ပြည်သူလူထုအသိပညာပေးရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More » -
ဖလမ်းမြို့ဝင်လုံပီးဂိတ်၌ Covid-19 ရောဂါကာကွယ်နိုင်ရေး ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်း
ဖလမ်းမြို့ဝင်လုံပီးဂိတ်၌ Covid-19 ရောဂါကာကွယ်နိုင်ရေး ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်း
Read More » -
စဉ့်ကူးမြို့နယ် ၊ရေတော်ကျေးရွာ အထကခွဲကျောင်း၌ နယ်စပ်ဝင်ပေါက်များမှ ပြန်လည်ဝင်ရောက်လာမည့် နိုင်ငံသားများလက်ခံထားရှိမည့် community base facility quarantine center များအား မြို့နယ်covid-19 ကော်မတီမှကွင်းဆင်းစစ်ဆေး
၂၉-၄-၂၀၂၀ရက်နေ့ ၀၈၃၀အချိန် စဉ့်ကူးမြို့နယ် ၊ရေတော်ကျေးရွာအုပ်စု၊ရေတော်ကျေးရွာ အထကခွဲကျောင်း၌ နယ်စပ်ဝင်ပေါက်များမှ ပြန်လည်ဝင်ရောက်လာမည့် နိုင်ငံသားများလက်ခံထားရှိမည့် community base facility quarantine center များအား မြို့နယ်covid-19 ကော်မတီမှကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
Read More » -
တရုတ်ပြည်မှ မြန်မာနိုင်ငံအတွင်းရှိ နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လာသည့် ခရီးသည်များအား ကျောက်မဲမြို့အဝင် နမ့်ဟူးတောင်းကျေးရွာ OHC တိုးဂိတ်၌ ကျန်းမာရေးစစ်ဆေး
တရုတ်ပြည်မှ မြန်မာနိုင်ငံအတွင်းရှိနေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လာသည့် ခရီးသည်များအား ကျောက်မဲမြို့အဝင် နမ့်ဟူးတောင်းကျေးရွာ OHC တိုးဂိတ်၌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှဦးဆောင်ပြီး မြို့နယ်ပူးပေါင်းအဖွဲ့မှ ကျန်းမာရေး စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
Read More »