ဗဟုသုတဆိုင်ရာ

  • ဒေသတစ်ခုတည်းအတွက်သာမက တစ်နိုင်ငံလုံးကို ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ကြဉ်းပေးမယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း

    ထက်မြတ် ရှေးယခင်တုန်းက မြို့တစ်မြို့တည်မည်ဆိုလျှင် မြစ်နီး၊ ချောင်းနီးသည့်နေရာကို ရှာဖွေကြလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် မြစ်နီး၊ ချောင်းနီးပါက သွားရေး၊ လာရေးနှင့် ကူးသန်းရောင်းဝယ်ရေး အဆင်ပြေစေသောကြောင့်ဖြစ်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် သဘာဝအရင်း အမြစ်အနေဖြင့် ကမ်းရိုးတန်းတည်ရှိပြီး စနစ်တကျအသုံးပြုတတ်သော နိုင်ငံမှန်လျှင် ချမ်းသာကြွယ်ဝစမြဲဖြစ်သည်။ မြန်မာနိုင်ငံဆိုတာ သဘာဝအရင်းအမြစ် များနှင့်ပြည့်စုံနေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု ပြောနိုင်သည်။ မြန်မာနိုင်ငံမြေပုံကိုကြည့်လျှင် နယ်နိမိတ်စုစုပေါင်းအနက် အရှည် ၂၂၂၈ ကီလိုမီတာမှာ ပင်လယ်နှင့်ထိစပ်နေသည့် ကမ်းရိုးတန်းများသာဖြစ်သည်။ ကမ်းရိုးတန်းဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအရေးပါသော နေရာတစ်ခုဖြစ် ကမ်းရိုးတန်းဆိုသည်မှာ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအရေးပါသော နေရာတစ်ခုဖြစ်သောကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်လေလေ နိုင်ငံ၏ စီးပွားရေး တိုးတက်လေလေဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကမ်းရိုးတန်းများရှိသည့်အလျောက် ဆိပ်ကမ်းများစွာ လည်းရှိသည်။ နိုင်ငံတော်၏ ပို့ကုန်၊ သွင်းကုန် ၈၅ ရာခိုင်နှုန်းကျော်ကို ကိုင်တွယ်ပေးလျက်ရှိသော အဓိကဆိပ်ကမ်းမှာ ရန်ကုန်ဆိပ်ကမ်းဖြစ်သည်။ သို့သော်…

    Read More »
  • ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့

    ၂၀၂၃ ခုနှစ် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်မှာ “ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့”ဟူ၍ဖြစ်သည်။ ပြည်ထောင်စုကြီးငြိမ်းချမ်းနေမှသာလျှင် ပန်းပေါင်းဝေဆာအလှဖြာလျက် အမိနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ပြည်တွင်းရေးပဋိပက္ခများကိုပါ နယ်ချဲ့တို့က ပူးတွဲပေးအပ်ခဲ့ လွတ်လပ်ရေးအကြိုကာလက မိမိတို့ တိုင်းပြည်၏ အဓိကရည်မှန်းချက်သည် လွတ်လပ်ရေးရယူ နိုင်ဖို့ပင် ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ စသည့် နှိုးဆော်မှုများဖြင့် လွတ်လပ်ရေးလမ်းကြောင်းကို တစိုက်မတ်မတ် ချီတက်ခဲ့ကြသည်။ ထိုသို့ ချီတက်နေဆဲမှာပင် ပြည်ပလက်ဝေခံ သစ္စာဖောက်များကြောင့် လွတ်လပ်ရေးခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ကြရသည်။ သို့သော်လည်း ကျန်ရှိသူများက လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသည်။ နောက်ဆုံးတွင် လွတ်လပ်ရေးကြီး ပြန်လည်ရရှိခဲ့သည်။ သူ့ချည်းသက်သက်တော့မဟုတ်။ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးပြိုကွဲခြင်းမှ စသော ပြည်တွင်းရေးပဋိပက္ခများကိုပါ နယ်ချဲ့တို့က ပူးတွဲပေးအပ်ခဲ့ကြခြင်းဖြစ်သည်။ လွတ်လပ်ရေးသက်တမ်းအားဖြင့် ရက်ပိုင်း လပိုင်းမျှသာရှိသေးသည့် နိုင်ငံတော်သည် နုစကပင် အက်ကြောင်းထင်ခဲ့ရသည့် အခြေအနေတွင် ရှိခဲ့ရသည်။ အလံဖြူ၊ အလံနီ၊…

    Read More »
  • ဉာဏ်ရည်တုနည်းပညာဆိုက်ဘာလုံခြုံရေး

    ကမ္ဘာပေါ်တွင် ဆက်သွယ်ရေးနည်းပညာများ အရှိန်အဟုန်ဖြင့် တစ်နေ့တခြားဖွံ့ဖြိုးတိုးတက်လာရာ အခြေခံလူမှုဘဝဝန်ဆောင်မှုများမှ အာကာသပညာရပ်များအထိ အသုံးတွင်လာခဲ့သည်။ အွန်လိုင်းနည်းပညာစနစ်များ၊ ဒစ်ဂျစ်တယ်စီမံခန့်ခွဲမှုစနစ်များ စသည်တို့သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးကဏ္ဍများတွင် ကျယ်ပြန့်စွာဖြစ်ထွန်းလာသည်။ ဆက်သွယ်ရေးနည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမှုသည် ကောင်းကျိုးများနှင့်အတူ ဆိုးကျိုးများလည်း ယှဉ်တွဲပါလာသည်ကို နိုင်ငံအများတွေ့ရှိလာကြသည်။ ယခုအခါ ဒစ်ဂျစ်တယ်နည်းပညာများထက် ပိုမိုအသုံးတွင်ကျယ်လာသည့် ဉာဏ်ရည်တုနည်းပညာ (AI) ပေါ်ပေါက်လာသည်။ မကြာသေးမီက ကမ္ဘာ့နိုင်ငံ့ ခေါင်းဆောင်များ၊ သိပ္ပံပညာရှင်များနှင့် နည်းပညာရှင်များက ဉာဏ်ရည်တုနည်းပညာ (AI) ၏ အသုံးဝင်မှုများကိုသာမက ထိုနည်းပညာကိုအလွဲသုံးပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအား သတိပြုနိုင်ရန်နှင့် ကာကွယ်နိုင်မည့်ဥပဒေများကိုပါ ဆုံးဖြတ်ပြဋ္ဌာန်းလာကြသည်ကိုတွေ့ရသည်။ အမေရိကန်ကဲ့သို့ နည်းပညာထွန်းကားသည့်နိုင်ငံကြီးသည်ပင် နည်းပညာအလွဲသုံးမှုအန္တရာယ်များကို သတိပြုလာကြရာ နိုင်ငံငယ်များအနေဖြင့်လည်း ကြိုတင်သတိပြုပြင်ဆင်ထားရမည်ဖြစ်သည်။ ဉာဏ်ရည်တုနည်းပညာသည် လက်ရှိတွင် အဆင့်အမြင့်ဆုံးနည်းပညာတစ်ခုဖြစ်ပြီး လူအများ၏ဘဝကို တိုးတက်ကောင်းမွန်အောင် ဖန်တီးပေးနိုင်စွမ်းရှိသော်လည်း တစ်ချိန်တည်းမှာပင် အဆိုပါနည်းပညာကြောင့် လုံခြုံရေးခြိမ်းခြောက်မှုများ၊ ဒီမိုကရေစီအစိုးရအပေါ်ထားရှိသည့် ပြည်သူများ၏…

    Read More »
  • ဂမ်ဘီယာအကြောင်း သိကောင်းစရာအချို့

    ဒေါက်တာ ရင်ရင်နွယ် မြန်မာအများစုက ဂမ်ဘီယာနိုင်ငံကို ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်၌ဖြစ်ပေါ်ခဲ့သော ဘင်္ဂါလီကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအား အိုင်စီဂျေခေါ် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုထားသည့်နိုင်ငံဟူ၍ သိကြသည်။ ဘင်္ဂါလီများနှင့် ဆက်စပ်နေသောပြဿနာများသည် ဂမ်ဘီယာနိုင်ငံအပေါ်တွင် မည်သည့်အချိန်ကမျှ ထိခိုက်မှု၊ သက်ရောက်မှုမရှိခဲ့ဟူ၍လည်း မြန်မာနိုင်ငံဘက်မှ အိုင်စီဂျေတွင် တင်ပြခဲ့ကြောင်းကိုလည်း သိကြပေမည်။ ယခုမြန်မာနိုင်ငံကို အိုင်စီဂျေတွင် ဆက်လက်တရားစွဲနေသောနိုင်ငံသည် မည်သို့သောနိုင်ငံမျိုးဖြစ်သည်ကို ပိုမိုနားလည်နိုင်အောင် ဤဆောင်းပါးကိုရေးရခြင်းဖြစ်ပါသည်။ အလုပ်အတွေ့အကြုံ ၁၉၉၄ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ကျွန်မသည် ကုတ်ဒီဗွားနိုင်ငံအာဘီဂျန်မြို့ (Abidjan, d’Ivoire) တွင် အခြေချခဲ့ပါသည်။ အာဖရိကတိုက် အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသရှိ ၂၃ နိုင်ငံတွင် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) ပရိုဂရမ်များအား ဆန်းစစ်အကဲဖြတ်ရသည့် တာဝန်ကိုရယူခဲ့ပါသည်။ ပြင်သစ်နှင့် အင်္ဂလိပ်ဘာသာ စကားနှစ်မျိုးလုံးလိုအပ်၍ ခရီးမြောက်မြားစွာ ထွက်ခဲ့ရသောအလုပ်မျိုးဖြစ်ပါသည်။ ထိုစဉ်ကကျွန်မ၏ဒါရိုက်တာသည် အလွန်ထက်မြက်သော နော်ဝေအမျိုးသမီးကြီးဖြစ်၍ ကျွန်မကိုများစွာခိုင်းရုံသာမက စီမံခန့်ခွဲမှုပညာကို…

    Read More »
  • Double standard မူနှင့် အင်အားကြီးသူတို့၏ ပဋိညာဉ်

    မြင့်မြတ် ယူကရိန်းစစ်တန်းလန်းမှာ အစ္စရေးစစ်က ဖြစ်ရပြန်ပြီ။ ကမ္ဘာကြီးအနေနဲ့တော့ သင်ခန်းစာတွေရပြီးရင်း ရနေဆဲပါပဲ။ ဟားမတ်စ်တွေ အစ္စရေးကို စတိုက်ပြီး တစ်ရက်၊ နှစ်ရက်အတွင်း ကမ္ဘာ့စာမျက်နှာတွေကနေ အပယ်ခံဘဝရောက်နိုင်တဲ့ ဇာလန်စကီးနဲ့ အနောက်အုပ်စုဆီက အထောက်အပံ့ကို မှီခိုလို့မရနိုင်တော့တဲ့ ယူကရိန်းသင်ခန်းစာ၊ အကြမ်းဖက်စကားလုံးကို မလိုတစ်မျိုး၊ လိုတစ်မျိုးသုံးနေတဲ့ Double standard နဲ့ စံနှစ်မျိုးထားတဲ့ အမေရိကန်နဲ့အီးယူ၊ အချိန်ကိုက်တစ်ပြိုင်တည်း မထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ နည်းဗျူဟာနဲ့ ဟားမတ်စ်တို့ အစ္စရေးကို ဝင်တိုက်သွားပုံတွေဟာ အလားတူဖြစ်စဉ်မျိုး ခံစား ခဲ့ရဖူးတဲ့ ကျွန်တော်တို့နိုင်ငံအတွက်တော့ ထပ်တူနီးပါး သတိရစရာ သင်ခန်းစာတစ်ခုအဖြစ် ထပ်တိုးရောက်ရှိလာခဲ့ပါတယ်။ နောင်မျိုးဆက်အဆက်ဆက်တိုင် ကျန်နေမယ့် နာကြည်းမုန်းတီးအခြေခံတဲ့စစ် ယနေ့စစ်ပွဲတွေကိုကြည့်ရင် ဥပဒေဆိုတာ မရှိတော့သလောက်ပါပဲ။ ဥပဒေမလိုက်နာဘဲ စစ်ကိုဆင်နွှဲသူတွေဟာ အရိုင်းအစိုင်းနဲ့မခြားပါဘူး။ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခ၊ အစ္စရေး-ဟားမတ်စ်၊ အစ္စရေး-ဟဇ်ဘိုလာတိုက်ပွဲတွေဆိုတာ အရှေ့အလယ်ပိုင်းမှာ နှစ်ပေါင်းများစွာ တောက်လျှောက်ဖြစ်နေခဲ့တဲ့ ပြဿနာတွေဖြစ်ပြီး ယခုတစ်ကြိမ် ဂါဇာအစ္စရေးစစ်လောက်…

    Read More »
  • ပိုးလမ်းမကွန်ရက်မှသည် ကမ္ဘာပတ်လမ်းဆီသို့

    သုတေသနစာတမ်းဖတ်ပွဲ ပြုလုပ်ခြင်း မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (Myanmar Institute of Strategic and International Studies-MISIS) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်တက္ကသိုလ်ရှိ မြန်မာ့ ရေးရာလေ့လာရေးဌာနတို့ပူးပေါင်း၍ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ သုတေသနပညာရှင်များအကြား စာတမ်းဖတ်ကြားပွဲတစ်ရပ်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ Lotte Hotel၌ လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့်လည်းကောင်း ပါဝင်သည့်  Hybrid Format ဖြင့် ကျင်းပခဲ့ပါသည်။ စာတမ်းဖတ်ပွဲသို့  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ Belt and Road Initiative (BRI) (၁၀)နှစ်ပြည့် အထိမ်းအမှတ်ဖြစ်သည့် “ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်းထွန်းကားရေးဆိုင်ရာ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု” စာတမ်းဖတ်ပွဲ မည်သို့စတင်ပေါ်ပေါက်လာသည်ကိုလည်း တင်ပြလိုပါသည်။ ယူနန်တက္ကသိုလ်၊ မြန်မာ့ရေးရာလေ့လာရေးဌာနက MISIS ဘက်သို့  အဆိုပြုခဲ့ခြင်းမှ စတင်ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ စာတမ်းဖတ်ပွဲဟုဆိုသော်လည်း ပုံမှန်စာတမ်းဖတ်ပွဲများကဲ့သို့…

    Read More »
  • ငြိမ်းချမ်းသာယာဝပြောသော အနာဂတ်ကို အတူတကွ မျှဝေတည်ဆောက်

    ကိုကိုလှိုင် အနောက်ဘက်ကမ္ဘာတစ်ခြမ်းတွင် သေနတ်သံ၊ ဗုံးသံ၊ ငရဲပွက်သံများဖြင့် ဆူညံနေသောကာလ၌ အေးချမ်းသာယာသော ရပ်ဝန်းတစ်ခုသို့ ကျွန်တော်တို့ ခြေချမိခဲ့ကြသည်။ ကျွန်တော်တို့ဆိုသည်မှာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဖြစ်ပြီး အေးချမ်းသာယာသောရပ်ဝန်း ဆိုသည်မှာ မြန်မာကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာလ ၁၅ နှင့် ၁၆ ရက်တို့တွင် တက်ရောက်ခဲ့သည့် “တတိယအကြိမ်ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်” ကျင်းပရာဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်း မြို့တော်ဖြစ်သည်။ လေလှိုင်းပေါ်တွင် မီဒီယာစစ်ပွဲအဖြစ် ကူးစက်ရောက်ရှိ ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့တည်းခိုရာ ပေကျင်းနိုင်ငံတကာဟိုတယ်သို့ရောက်ရှိ နေရာချထားပြီးသည်နှင့် အခန်းထဲမှ ရုပ်မြင်သံကြားကိုဖွင့်လိုက်ရာ ရုပ်သံလိုင်း အတော်များများက အစ္စရေး-ပါလက်စတိုင်း ဂါဇာပဋိပက္ခကို ပြသနေကြသည်။ တရုတ်နိုင်ငံအတွင်းသို့ ဆိုက်ဘာမဟာတံတိုင်း (Cyber Great Firewall) ကြီးကို ဖြတ်ကျော်ဝင်ရောက်လိုက်သည်နှင့် Facebook, Google, Gmail စသည့် ရှိရှိသမျှ…

    Read More »
  • စေတနာကောင်းသော တိုင်းပြည်

    အကူအညီပေးရန် ဆန်ရောင်းချခြင်း ၂၀၀၄ ခုနှစ် မေလဆန်းနေ့တစ်နေ့ဖြစ်ပါသည်။ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေး (ကုန်သွယ်/လယ်ယာ) ၊ ပြည်ပပို့ကုန်ဌာနတွင် ဒုတိယအထွေထွေမန်နေဂျာ တာဝန် ထမ်းဆောင်နေသော ကျွန်တော့်အား ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဦးမင်းလှအောင်က အရေးကြီးကိစ္စရှိ၍ သူနှင့်အတူ ဝန်ကြီးရုံးသို့လိုက်ပါရန် ညွှန်ကြားပါသည်။ ဝန်ကြီးရုံးသို့ ရောက်ရှိ ချိန်တွင် ဦးဆောင်ညွှန်ကြားရေးမှူးက ဝန်ကြီး ဗိုလ်မှူးချုပ်ပြည့်စုံထံ သို ဝင်ရောက်သတင်းပို့ပြီး ကျွန်တော်က ဝန်ကြီးရုံးခန်းပြင်ပမှ စောင့်နေခဲ့ပါသည်။ ခဏအကြာတွင် ဦးဆောင်ညွှန်ကြား ရေးမှူး ပြန်လည်ထွက်ခွာလာပြီး ကျွန်တော်နှင့်အတူ ရုံးသို့ ပြန်လာကြပါသည်။ အပြန်လမ်း ကားပေါ်တွင် ဦးဆောင်ညွှန်ကြားရေးမှူးက ကျွန်တော့်အား ဂမ်ဘီယာဆိုတဲ့ နိုင်ငံကိုသိသလားဟု မေးပါသည်။ ကျွန်တော်က ဂမ်ဘီယာဆိုသည့်နိုင်ငံကို မကြားဘူးပါ၊ သို့ဖြစ်၍ အာဖရိကနိုင်ငံ တစ်ခုခုဖြစ်မည်ထင်သည်ဟုသာ ဖြေကြားလိုက်ပါသည်။ ကျွန်တော့်အဖြေကို နားထောင်အပြီးတွင် ဦးဆောင်ညွှန်ကြားရေးမှူးက “ဂမ်ဘီယာနိုင်ငံ က လူကြီးတစ်ယောက် ဒို့နိုင်ငံရောက်နေတယ်၊ ဒို့လူကြီးတွေနဲ့တွေ့ဆုံပြီး…

    Read More »
  • ဆက်လက်လျှောက်လှမ်းနေကြရမည့် ထာဝရငြိမ်းချမ်းရေးသို့ ခရီးစဉ်

    Read More »
  • ပဋိဇီဝဆေးများ ယဉ်ပါးလာမှု ကာကွယ်ကြစို့

    (၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ)

    Read More »
Back to top button