သတင်းများ

  • ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

    နေပြည်တော် ဇန်နဝါရီ ၁၇ ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် အခြေခံအဆောက်အအုံ ဆိုင်ရာလုပ်ငန်းများ Implementation Plan နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက Online၊ Offline ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် စီမံကိန်းအထောက်အကူပြု အခြေခံအဆောက်အအုံများနှင့်ပတ်သက်၍ ဝန်ကြီးဌာနအလိုက် ဆက်လက်ဆောင်ရွက်ရန်ရှိသည့်…

    Read More »
  • ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တိုးတက်ဆောင်ရွက်ရာတွင် PPP(People ၊ Prosperity ၊ Planet) ဖြစ်သော ပြည်သူလူထုအကျိုးစီးပွားမြှင့်တင်မှု၊ ချမ်းသာကြွယ်ဝမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း စသည့်အခြေခံမူကြီး ၃ ချက်အပေါ်တွင်မူတည်ပြီး အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားမည်

    နေပြည်တော် ဒီဇင်ဘာ ၂၇ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Adden-dum) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းက နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပခဲ့သည်။ လက်မှတ်ရေးထိုးခြင်း အခမ်းအနားအပြီးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက သတင်းမီဒီယာများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍…

    Read More »
  • ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုး

    နေပြည်တော် ဒီဇင်ဘာ ၂၆ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement)ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပရာ မြန်မာအထူးစီးပ္ပားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။ မီဒီယာများတက်ရောက် အခမ်းအနားသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အထူးစီးပွားရေးဇုန်အသီးသီး၏ စီမံခန့်ခွဲမှုကော်မတီများမှ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ CITIC Group မှ ဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံနှင့် တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပမီဒီယာများ တက်ရောက်ကြသည်။…

    Read More »
  • ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင် ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်Ms. Noriko Takagiဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

    ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(United Nations High Commissioner for Refugees-UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာလ ၁၄ရက်နေ့ နံနက် ၁၁နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၄၁)ပြည်‌ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံပြည်သူများအား လူသားချင်းစာနာမှုအကူအညီများ ပေးအပ်နိုင်ရေးအတွက် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ Source: ၁၅-၁၂-၂၀၂၃ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

    Read More »
  • မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြား

    မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာအထူးစီးပ္ပားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး၊ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ စီးပ္ပားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံနှင့် အဖွဲ့ဝင်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများစတင်ချိန်တွင် ဒေသခံရခိုင်တိုင်းရင်းသားများအပါအဝင် နိုင်ငံသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်း‌ကျောင်းပညာသင်ကြားရေး အစီအစဉ်များကို စတင်ပြင်ဆင်ထားရန်ဖြစ်ကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် နိုင်ငံသားကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် အစိုးရအသိအမှတ်ပြုကုမ္ပဏီစု (Government Designated Entity Consortium) ဖွဲ့စည်းနိုင်ရေး နိုင်ငံပိုင်သတင်းစာများတွင် စိတ်ဝင်စားမှုအဆိုပြုလွှာကြေညာ ဖိတ်ခေါ်ခဲ့ပြီးဖြစ်၍ အဆိုပြုလွှာတင်သွင်းလာသည့် ကုမ္ပဏီများကို စိစစ်ရွေးချယ်သည့်လုပ်ငန်းစဉ်များ မကြာမီဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းသည် နိုင်ငံတော်အတွက်သာမက နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသား လူငယ်များအတွက်လည်း အခွင့်အလမ်းများ ပေါ်ပေါက်စေမည်ဖြစ်ကြောင်း၊…

    Read More »
  • ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် China Foundation for Rural Development (CFRD) ၏အမှုဆောင်ညွှန်ကြားရေးမှူး Mr. Chen Hongtao ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

    ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် China Foundation for Rural Development (CFRD) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Chen Hongtao ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ရုံးအမှတ် (၄၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ တစ်ဝန်း၌ ပညာရေးနှင့် လူမှုရေးဆိုင်ရာကဏ္ဍများတွင် ဖွံ့ဖြိုးရေးစီမံကိန်းများချမှတ်၍ အကူအညီများ တိုးမြှင့်ပေးအပ်ခြင်းတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ Source:MOI

    Read More »
  • ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross-ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

    ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Com-mittee of the Red Cross-ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena Ajmone Sessera ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၄၁) ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (Interna-tional Committee of the Red Cross-ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena Ajmone Sessera တို့သည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးကိစ္စနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေများ လိုက်နာရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ Source: MOI

    Read More »
  • ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏လုပ်ငန်းဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr. Raouf Mazou အား လက်ခံတွေ့ဆုံ

    ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees-UNHCR) ၏ လုပ်ငန်းဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr. Raouf Mazou အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၄၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

    Read More »
  • ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

    ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

    Read More »
  • မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ (စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန) ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများပါဝင်သည့် အဖွဲ့အစည်း (Myanmar GDE Consortium) ဖွဲ့စည်းရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest-EOI) ခေါ်ယူခြင်း

     

    Read More »
Back to top button