သတင်းများ
-
ပြည်သူတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ ငြိမ်းချမ်းရေးလမ်းပေါ်လျှောက်လှမ်း
လက်နက်ကိုင်ပဋိပက္ခများရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကသာ နိုင်ငံမပြိုကွဲ၊ မပျက်စီးရေး၊ ငြိမ်းချမ်းရေးတို့အတွက် နည်းလမ်းအမှန်ဖြစ်သည်။ ပဋိပက္ခကျရောက်ရာ ဒေသနှင့်ဒေသတွင်းနေ ပြည်သူလူထုအပေါ် ဘေးဒုက္ခကျရောက်မှုနှင့် ထိခိုက်ခံစားရမှုတို့ အသက်သာဆုံး၊ အနည်းပါးဆုံးလည်းဖြစ်သည်။ မြန်မာတိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက လိုလားကြသည့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြရာ ယခုအခါ ရှစ်နှစ်တာကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ “တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံရာ၌ ပြောကြားခဲ့ရာ တပ်မတော်၏တစ်သမတ်တည်းသော သဘောထားရပ်တည်ချက်ကို ထပ်မံဖော်ပြခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော မဲမသမာမှုများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ရခြင်းနှင့်စပ်လျဉ်း၍…
Read More » -
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)(၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၅-၉-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ NCA နှစ်ပတ်လည် အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီတွင် ပါဝင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NCA (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားနှင့်ပတ်သက်၍ မူဝါဒဆိုင်ရာများနှင့် အခမ်းအနားကို လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ အလေးအနက်ထား စီစဉ်ကျင်းပသွားမည့်ကိစ္စများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး NCA နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပပြုလုပ်ရေး ဦးစီးကော်မတီ အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က အခမ်းအနားကျင်းပမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက အခမ်းအနားတက်ရောက်သူများ ဖိတ်ကြားရေး၊…
Read More » -
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး
အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ၂၂-၉-၂၀၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။ တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်နှင့် စဝ်အုမ်ခေး၊ ဗဟိုဦးစီး ကော်မတီဝင် စဝ်စိုင်းဟန်နှင့် စဝ်စိုင်းလျန်းတို့ တက်ရောက်ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ပထမနေ့ဆွေးနွေးပွဲ၌ မပြီးသတ်သေးသည့်ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စနှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်းနောက် ၂ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို မှတ်တမ်းတင်လက်မှတ်ရေးထိုးကြသည်။ ယင်းနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ အတွင်းရေးမှူး (၁)…
Read More » -
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေး
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ၂၁-၉-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။ တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်နှင့် စဝ်အုမ်ခေး၊ ဗဟိုဦးစီးကော်မတီဝင် စဝ်စိုင်းဟန်နှင့် စဝ်စိုင်းလျဲန်းတို့ တက်ရောက်ကြသည်။ နှုတ်ခွန်းဆက်အမှာစကားများပြောကြား တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက်ဆွေးနွေးမည့် အစီအစဉ်များကို ဦးစွာဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်းတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားကြသည်။ ဆက်လက်ကျင်းပသွားမည် ယင်းနောက် NCA နှင့် NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအား အလေးအနက်ထား၍ ကျင်းပနိုင်ရေးဆောင်ရွက်မည့်ကိစ္စ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ…
Read More » -
ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ် ငြိမ်းချမ်းစွာဖြင့်ရောက်ရှိနိုင်ရေး
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခဲ့မှုသည် လာမည့်အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရှစ်နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှု၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများကိုအကြောင်းပြု၍ ဖြစ်ပေါ်လာခဲ့သော လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လွန်ခဲ့သည့်ရှစ်နှစ်တာကာလက တခမ်းတနား လက်မှတ်ရေးထိုး သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ NCA စာချုပ်သည် Union Accord အဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်တွင်မှ ပျက်ပြယ်မှုမရှိဘဲ တည်ရှိနေမည့် စာချုပ်လည်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၈)နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းတွင် “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရာတွင် အဓိကအခြေခံအချက်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တို့အပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်သွားမည်ဖြစ်ကြောင်း၊ ယင်းမှတစ်ဆင့် နိုင်ငံရေးရည်မှန်းချက် ၂ ရပ်ဖြစ်သည့်…
Read More » -
ငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကျင်းပ
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဩဂုတ် ၂၉ ရက်မှ ၃၁ ရက်အထိကျင်းပခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူများက ငြိမ်းချမ်းရေးအတွက် လက်ရှိဆွေးနွေးဆောင်ရွက်နေမှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများဆောင်ရွက်ပေးနေမှုနှင့် ရှေ့ဆက်ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပပြုလုပ်သည်။ အကူအညီများရရှိရေး ဆောင်ရွက်ပေး အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးဝဏ္ဏအောင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း ၈ ဖွဲ့တို့သည် နိုင်ငံတကာအသိသက်သေများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသဂ္ဂတို့မှ သံတမန်များ၊ ပြည်တွင်းအသိသက်သေများ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာလက်မှတ်ရေးထိုးခဲ့ကြသည့်အပြင် ပြည်ထောင်စုလွှတ်တော်မှအတည်ပြုထားသည့် သမိုင်းဝင်စာချုပ်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ…
Read More » -
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ (ALP၊ DKBA ၊ KNU/KNLA-PC ၊ LDU၊ PNLO)၏ ကိုယ်စားလှယ်အဖွဲ့တို့တစ်ဖွဲ့ချင်း သီးခြားစီတွေ့ဆုံဆွေးနွေးပြီး တတိယနေ့တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ
နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ကွပ်ကဲရေးမှူးအဆင့်ရှိ စောဘညိမ်းအောင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒေါက်တာနော်ကပေါ်ထူး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)ဒုတိယဥက္ကဋ္ဌကျာဖူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ ခွန်သူရိန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့နှင့် ၃၁-၈-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ တစ်ဖွဲ့ချင်း သီးခြားစီလက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် တစ်ဖွဲ့ချင်းစီ၏ တင်ပြချက်များ၊ ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အပြန်အလှန် ရင်းနှီးပွင့်လင်းစွာဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ တတိယနေ့ကျင်းပ မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ (ALP၊ DKBA ၊ KNU/KNLA-PC၊ LDU၊ PNLO) ၏ ကိုယ်စားလှယ်အဖွဲ့တို့သည် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်…
Read More »