ဓါတ်ပုံ

  • Photo of အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများတွေ့ဆုံ

    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများတွေ့ဆုံ

    နေပြည်တော် အောက်တိုဘာ ၉ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPC) နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီဝင်များ၊ နိုင်ငံရေးပါတီ (၁၈) ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံရေးပါတီများကိုယ်စား ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေတို့က နှုတ်ခွန်းဆက် အမှာစကား ပြောကြားကြသည်။ ထို့နောက် ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်…

    Read More »
  • Photo of အိတ်ဖွင့်တင်ဒါ Open Tender ခေါ်ယူခြင်း

    အိတ်ဖွင့်တင်ဒါ Open Tender ခေါ်ယူခြင်း

    ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန တင်ဒါကော်မတီ အိတ်ဖွင့်တင်ဒါ Open Tender ခေါ်ယူခြင်း ၁။      ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအတွက် လိုအပ်သော စက်နှင့် စက်ပစ္စည်းများ ၊ ရုံးသုံးစက်ကိရိယာများ၊ ရုံးသုံးပရိဘောဂများ  ပြည်တွင်းမြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဝယ်ယူလိုပါသည်။ ၂။       တင်ဒါပုံစံရောင်းချမည့်ရက်    –        ၂-၁၀-၂၀၂၀ ရက်မှ ၃-၁၁-၂၀၂၀ရက်နေ့အထိ (ရုံးချိန်အတွင်း) ၃။      တင်ဒါပုံစံရောင်းချမည့်နေရာ           -ရုံးအမှတ်(၄၁)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန၊ ဝန်ကြီးရုံး၊ နေပြည်တော် ၄။      တင်ဒါလျှောက်လွှာပိတ်ရက်  –        ၃-၁၁-၂၀၂၀ရက်၊ ၁၆:၀၀နာရီ ၅။      တင်ဒါအဆိုပြုလွှာအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပြန်လည် တင်သွင်းရမည်ဖြစ်ပြီး တင်ဒါတင်သွင်းမည့်ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီ Profile ကိုပါပူးတွဲတင်ပြရမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန၊ ဝန်ကြီးရုံး၊ ဖုန်း- ၀၆၇-၄၀၈၅၇၃၊ ၄၀၈၆၃၃များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ တင်ဒါကော်မတီ

    Read More »
Back to top button
Close
Close