သတင်းများ

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို (၂၉-၁၂-၂၀၂၁)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ပြီးအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U) ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-U) မှ ဒုတိယဥက္ကဋ္ဌ(၂) ဦးပြည့်စုံနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် သံအမတ်ကြီး Mr. Chen Hai က မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း ရခြင်းအကြောင်းရင်းကို ပြောကြားပြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ အဆင့်ဆင့်သို့ အမေရိကန်ဒေါ်လာ ၃ သိန်းနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)သို့ အမေရိကန်ဒေါ်လာ ၂ သိန်း ပေးအပ်လှူဒါန်းရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လက်ခံရယူပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဦးပြည့်စုံတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များကို သံအမတ်ကြီး  Mr.Chen Hai ထံပြန်လည်ပေးအပ်သည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ထောက်ပံ့ငွေပေးအပ်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် သံအမတ်ကြီး Mr.Chen Hai တို့ တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Source: Myanmar National Portal

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button