ကိုရိုနာ ဗိုင်းရပ်စ်

ဝန်ထမ်းတစ်ဦး ဆုံးရှုံးရမှုအပေါ် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း

COVID-19 ရောဂါထိန်းချုပ်မှုများ၊ အသိပညာပေးခြင်းများနှင့်စပ်လျဉ်း၍ ပြည်သူလူထုနှင့် ဆက်ဆံ ရာတွင် ပြည်သူနှင့် တစ်သားတည်း ကိုယ်ချင်းစာတရားဖြင့် ဝန်ဆောင်မှုပေးရန်နှင့် ကျန်းမာရေးအသိ၊ သတိနှင့် လုပ်ငန်းဆောင်ရွက်ကြရန်၊”

“ ပြည်သူမှ အားကိုးယုံကြည်သည့် အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်နေမှုများအား ချီးကျူးအသိအမှတ်ပြု၊”

“ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို ထောက်ပံ့မှုများ ပေးအပ်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်ရန်၊”

၈.၄.၂၀၂၀ရက်နေ့ (၁၄၃၀) နာရီအချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူသည် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့် Video Conferencing ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးများက မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြခဲ့ကြပြီး တင်ပြလာမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးဆုံးဖြတ်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှ ဝန်ထမ်းတစ်ဦး ကွယ်လွန်သွားခဲ့ခြင်းအပေါ် မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက် ရာတွင် ကိုယ်ချင်းစာတရား၊ ကျန်းမာရေးအသိ၊ သတိများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုကဲ့သို့သော အချိန်ကာလတွင် ပြည်သူများ ယုံကြည်အားကိုးသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ရပ် ဖြစ်စေရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစားများကို ထောက်ပံ့မှုများ ပေးအပ်ရာတွင် စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ဆွေးနွေးတင်ပြချက်များအပေါ် တတ်နိုင်သမျှ နေ့ချင်းပြီး ဆုံးဖြတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း မှာကြားခဲ့ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button