
တနိုင်းမြို့နယ် စားသောက်ကုန် ၅မျိုး ဖြန့်ဝေမှု
၁၂.၄.၂၀၂၀ရက်နေ့ ၀၉၀၀ နာရီအချိန်မှစတင်၍ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် စားကုန် ၅ မျိုးအား တနိုင်းမြို့ ပုန်ခုန်းရပ်ကွက်တွင် အိမ်ထောင်စု(၄၅၇)စု၊နမ်ဖျက်ယန်ကျေးရွာ အိမ်ထောင်စု(၆၅)စုတို့အား တနိုင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနောင်နဂျာတန်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ မနဥ ဦးကျော်လွင်၊ မြို့နယ် ပစ္စည်းစုဆောင်းမှု၊ သယ်ယူရေးနှင့် ဖြန့်ဖြူးရေးကော်မတီအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအလိုက် ပစ္စည်းစုဆောင်းမှု၊ သယ်ယူရေးနှင့် ဖြန့်ဖြူးရေးကော်မတီအဖွဲ့များဖြင့်လည်းကောင်း၊ရှင်ဗွေယန်မြို့ အမှတ်(၄)ရပ်ကွက် အိမ်ထောင်စု(၈၆)စုတို့အား မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အလိုက် ပစ္စည်းစုဆောင်းမှု၊ သယ်ယူရေးနှင့် ဖြန့်ဖြူးရောင်းချရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာများဖြင့်လည်းကောင်း ဝေငှထောက်ပံ့ပေးလျက်ရှိပါသည်။