ကိုရိုနာ ဗိုင်းရပ်စ်

​ဖောင်းပြင်မြို့နယ် စား​သောက်ကုန် ၅မျိုး ဖြန့်​ဝေမှု

၂၀၂၀ပြည့်နှစ် ဧပြီလ(၁၂)ရက်နေ့ (၀၈၃၀)အချိန်မှစတင်၍ ဖောင်းပြင်မြို့နယ်အား/ကာခန်းမ၌ နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန်(၅)မျိုးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းဝေ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်လတ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးခင်‌မောင်ထွန်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးခင်မောင်မြင့်နှင့်ကော်မတီဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ မြို့မိ/မြို့ဖများမှ ဖောင်းပြင်မြို့‌ အင်ကြင်းမြိုင်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၁၅၆)စုအတွက် အိမ်ထောင်စုအလိုက်‌အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ပြီး မလာရောက်နိုင်သည့်အိမ်ထောင်စုများအား လွှတ်တော်ကိုယ်စားများ မြို့နယ်အ‌ခြေခံစား‌သောက်ကုန်(၅)မျိုးအခမဲ့ဝေငှပေး‌ရေး‌‌ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများ မြို့မိ/မြို့ဖများမှ အိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button