ကိုရိုနာ ဗိုင်းရပ်စ်

ကလေးမြို့နယ်အတွင်းပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအားအခြေခံစားသောက်ကုန်(၅)မျိုးအိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခြင်း

 

ကလေးဧပြီ ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုမတီ၏ လမ်းညွှန်မှုဖြင့် ကလေးခရိုင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှဦးဆောင်ကာ(COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလ၌ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန် (၅)မျိုး ( ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်) ကိုကလေးမြို့နယ်အတွင်းစာရင်းကောက်ယူပြီးစီးပြီးဖြစ်သည့် အိမ်ထောင်စု၃၀၁၁၇စုတို့အားယနေ့နံနက်ပိုင်းမှစတင်၍ အိမ်တိုင်ရာရောက်အခမဲ့ဖြန့်ဖြူးထောက်ပံ့ပေးအပ်လျက်ရှိသည်။
ကလေးမြို့နယ်အတွင်းရှိပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများလက်ထဲသို့ရောက်ရှိစေရေးအတွက် ယနေ့နံနက်ပိုင်းမှစတင်ကာညောင်ပင်သာရပ်ကွက်မှ အိမ်ထောင်စု ၈၂၀ စု၊ချမ်းမြေ့အောင်စည်ရပ်ကွက်မှ အိမ်ထောင်စု ၁၆၅၇ စု၊ အောင်မြေမာန်ရပ်ကွက်မှ အိမ်ထောင်စု ၃၅၀ စုတို့အားဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိသာ၊ ကြက်သွန်နီ ၁ ပိသာတို့အားသက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ အိမ်တိုင်ရာရောက်စနစ်ဖြင့် ထောက်ပံ့ပေးအပ်လျက်ရှိကာနောင်ရက်များတွင်လည်းကျန်ရှိသည့်ရပ်ကွက်/ကျေးရွာများသို့ အလှည့်ကျဆက်လက်၍ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button