ကိုရိုနာ ဗိုင်းရပ်စ်

​ကောလင်းမြို့နယ် စား​သောက်ကုန် ၅မျိုး ဖြန့်​ဝေမှု

ကောလင်း
ဧပြီ ၁၂
ကောလင်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်း၊ ဦးတင်စိုး၊ ဌာနဆိုင်ရာများပါဝင်သော ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ‌နနွင်းတော၊ ရေကန်သာ၊ ယားတောင်ကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၁၀၈၃)စုအတွက် နိုင်ငံတော်မှအခမဲ့ထောက်ပံ့သည့် အ‌ခြေခံစားကုန်(၅)မျိုးဖြစ်သည့်ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီတို့အား ထောက်ပံ့ပေးခဲ့ပြီး ကျန်ရှိသည့်အိမ်ထောင်စုများအား ဆက်လက်ဖြန့်ဝေပေးမည်ဖြစ်ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button