ကိုရိုနာ ဗိုင်းရပ်စ်

က​လေးမြို့နယ် တွင် ပိုးသတ်​ဆေးဖြန်း ခြင်း ​ဆောင်ရွက်မှု

ကမ္ဘာတစ်ဝှမ်းတွင် ကူးစက်ပျံ့နှံနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)ကြိုတင်ကာကွယ်နိုင်ရန် အတွက် ကလေးမြို့ လူစည်ကားရာလမ်းမကြီးများ၊ လူအများဝင်ထွက်သွားလာသည့်နေရာများ၊ စျေးများ၊ ရုံးဌာနအဆောက်အဦများအား ဦးသန့်ဇင်လင်း ဦးဆောင်သော Volunteer ၁၂ ဦးတို့သည် ပိုးသတ်ဆေး ကယ်လ်ဆီယမ်ဟိုက်ပရိုကလိုရိုက် ဆေးဖျန်းခြင်းကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြသည်။
ထို့အပြင် လွန်ခဲ့သည့် ရက်သတ္တပတ်ကလည်း ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကလေးမြို့ဗိုလ်ချုပ်လမ်းမကြီး ၊နတ်ချောင်း လမ်း၊ မြို့အထွက် ကလေးဝလမ်း၊ ပင်လုံလမ်း၊ မီးခွက်စျေး၊ ကားကြီးကွင်း၊ ကားလေးကွင်း၊ လေယာဉ်ကွင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ကျောက်ဂူတောရကျောင်း၊ သီတဂူစက္ခုဒါန ဆေးရုံ၊ ဝန်ထမ်းအိမ်ရာ၊ လူစည်ကားသည့်ရုံးဌာနအဆောက်အဦများအား မီးသတ်တပ်ဖွဲ့မှ မီးသတ်ကားဖြင့် ပိုးသတ်​ဆေးဖြန်း​ပေးခဲ့ကြပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button