
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ၁၀-၄-၂၀၂၀ရက်နေ့တွင် Covid 19ကြိုတင်ကာကွယ်ရေးအတွက် ဖွင့်လှစ်ထားရှိသော Community Based Facility Quarantine စာသင်ကျောင်းများသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များသည် သွားရောက်၍ စောင့်ကြည့်ခံဧည့်သည်များအား အသိပညာပေးအားပေးခြင်းနှင့်စစ်ဆေးရေးဂိတ်များကို အားပေးကြည့်ရှု၍ လက်ဆေးဂျယ်ဘူးများ၊ maskနှင့် မုန့်များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။