
ကိုရိုနာ ဗိုင်းရပ်စ်
သရက်မြို့နယ် စားသောက်ကုန် ၅မျိုး ဖြန့်ဝေမှု
၁၂.၄.၂၀၂၀ ရက်နေ့ ၀၈၀၀ နာရီချိန်မှစတင်၍ သရက်မြို့နယ်အတွင်း အခြေခံလက်လုပ်လက်စားအိမ်ထောင်စု (၄၂၄၈)စုအတွက် ဆန် ၁၄၁၆ အိတ်၊ ဆီ ၂၁၂၄ပိဿာ၊ ဆား ၂၁၂၄ ပိဿာ၊ ကုလားပဲ ၄၂၄၈ ပိဿာ၊ ကြက်သွန်နီ ၄၂၄၈ ပိဿာတို့အား မြို့နယ်စာရင်စိစစ်ရေးနှင့် ဖြန့်ဝေရေးကော်မတီမှ ကြီးကြပ်၍ ရပ်/ကျေး စာရင်းကောက်ယူရေးအဖွဲ့များသို့ ပေးအပ်ပြီး အခြေခံလူတန်းစားများအား ဆက်လက်ဖြန့်ဝေပေးလျက်ရှိပါသည်။