ကိုရိုနာ ဗိုင်းရပ်စ်

ယင်းမာပင်မြို့နယ်အတွင်း အခြေခံလူတန်းစားများအား အခြေခံစား​သောက်ကုန် (၅)မျိုး ​ထောက်ပံ့မှု

(၁၀.၄..၂၀၂၀)ရက်နေ့ ၀၉ ၀၀ နာရီအချိန်တွင် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအားအခြေခံ
စားကုန်ပစ္စည်းများ ဝယ်ယူ၊ အခမဲ့ဖြန့်ဝေရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် လွှတ်တော်ကိုယ် စားလှယ်များ၊ မြို့နယ်စီ/ခန့်ဥက္ကဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်စားရေးများပါဝင်သောအဖွဲ့များမှ သတ် မှတ်ထားရှိသည့်စုရပ်(၄)ခုဖြစ်သော ယင်းမာပင်မြို့မ၊ ကန်ချောင်အုပ်စု(အောင်ဇေယျမြို့ကွက်သစ်)၊ ညောင်ကိုင်းကျေးရွာ၊ ရင်ပေါင်တိုင်ကျေးရွာတို့အနက်မှ ယင်းမာပင်မြို့မစုရပ်မှ
ရပ်ကွက်/ ကျေးရွာ အုပ်စု(၆)အုပ်စုရှိအိမ်ထောင်စု (၅၀၀)စု၊ ကန်ချောင်အုပ်စု(အောင်ဇေယျမြို့ကွက်သစ်)စုရပ်မှ ကျေးရွာအုပ်စု(၂)အုပ်စုရှိ အိမ်ထောင်စု (၅၀၀)စု၊ စုစုပေါင်း
အိမ်ထောင်စု (၁၀၀၀)စုအတွက် ဆန်(၈၀၀၀)ပြည်၊ ဆီ(၅၀၀)ပိဿာ၊ဆား(၅၀၀)ပိဿာ၊
ပဲ(၁၀၀၀)ပိဿာ၊ ​ ကြက်သွန်နီ(၁၀၀၀)ပိဿာတို့အားဝေငှပေးအပ်ခဲ့ပါကြောင်းနှင့် (၁၁.၄.၂၀၂၀)ရက်နေ့တွင်လည်း ကျန်ရှိနေသောပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား
အိမ်ထောင်စုများအား ဝေငှပေးရန်စီစဥ်ထားရှိပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button