
ကိုရိုနာ ဗိုင်းရပ်စ်
ဗိုလ်တထောင်မြို့နယ်ရှိ အခြေခံလူတန်းစားများအတွက် စားသောက်ကုန် ၅မျိုး ဖြန့်ဝေမှု
၁၂ -၄- ၂၀၂၀ ရက်နေ့နံနက် ၁၁၀၀ နာရီအချိန်မှစ၍ဗိုလ်တထောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊Covid-19လုပ်ငန်းကော်မတီ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊လူမှုရေးအသင်းအဖွဲ့များမှ နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ပေးသည့် အခြေခံစားကုန် (၅)မျိုးကို အမှတ်(၁)နှင့် (၄)ရပ်ကွက်များရှိ အိမ်ထောင်စု(၂၅၁)စုထံသို့ အိမ်တိုင်ရာရောက်ဖြန့်ဝေပေးခဲ့ပြီး ရပ်ကွက်(၁၀)ရပ်ကွက်ရှိ အိမ်ထောင်စု (၉၀၅)စုအတွက်အခြေခံစားကုန်(၅)မျိုးမှ ကြက်သွန်နီနှင့်ဆီပစ္စည်း(၂)မျိုးဖြန့်ဝေပေးလျက်ရှိပြီး ကျန်အိမ်ထောင်စုများသို့ ၁၃.၄. ၂၀၂၀ ရက်နေ့တွင် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ပါသည်။