
ကိုရိုနာ ဗိုင်းရပ်စ်
ကျောက်တံတားမြို့နယ်ရှိ အခြေခံလူတန်းစားများ အတွက် ထောက်ပံ့မှု
၁၂ -၄- ၂၀၂၀ ရက်နေ့ ၁၆၀၀အချိန်မှ၁၈၀၀အတွင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊Covid-19လုပ်ငန်းကော်မတီ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊လူမှုရေးအသင်းအဖွဲ့များမှ နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ပေးသည့် အခြေခံစားကုန် (၅)မျိုးကို ကျောက်တံတားမြို့နယ်အတွင်းရှိအိမ်ထောင်စု(၈၆)စု ထံသို့ အိမ်တိုင်ရာရောက်ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ပါသည်။