ကိုရိုနာ ဗိုင်းရပ်စ်

ဖာပွန်မြို့နယ်ရှိ အ​ခြေခံလူတန်းစားများအတွက် စား​သောက်ကုန်၅မျိုး ​ထောက်ပံ့မှု

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ဖာပွန်မြို့တွင်ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအား တတိယနေ့အဖြစ် အိမ်ထောင်စု(၃၀၅)စုအားအခြေခံစားကုန်(၅)မျိုး ထောက်ပံ့ခြင်းကိုနံနက်(၀၈၀၀)ချိန်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးအောင်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းသန်းနိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးညွန့်ဦး၊မြို့မိမြို့ဖများနှင့် ခရိုင် မြို့နယ်(covid-19)ကော်မတီဝင်များ၊ရပ်ကျေးအုပ်ချုပ်ရေးမှူးများဖြင့်အဖွဲ့(၃)ဖွဲ့ခွဲ၍လည်းကောင်း၊ ကမမောင်းမြို့အတွင်းအိမ်ထောင်စု(၈၁၄)စုအားခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦး၊မြို့အုပ်ချုပ်ရေးမှူးဦးအောင်မျိုးသန့်၊မြို့မိမြို့ဖများ၊(Covid-19)ကော်မတီများဖြင့်အိမ်ထောင်စု(၈၁၄)စုအတွက်အဖွဲ့( ၄)ဖွဲ့ခွဲကာ( ၀၈၀၀)ချိန်မှစတင်၍တစ်အိမ်တက်ဆင်းထောက်ပံ့ပေးခဲ့ရာ( ၁၂၀၀)ချိန်တွင်ပြီးစီးခဲ့ပြီးဖာပွန်ခရိုင်အတွင်းတတိယနေ့အဖြစ်အိမ်ထောင်စုစုစုပေါင်း(၁၁၁၉)စုအားထောက်ပံ့ပေးအပ်ခဲ့ပါသည်။ (၁၃-၄-၂၀၂၀)ရက်နေ့တွင်ဖာပွန်ခရိုင်အတွင်း အိမ်ထောင်စု(၇၈၈)စုအား နောက်ဆုံးနေ့အဖြစ် ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button