ကိုရိုနာ ဗိုင်းရပ်စ်

သရက်ချောင်း မြို့နယ်အတွင်း Community Based Facility စောင့်ကြည့်ရေးစခန်းများ၌လိုအပ်သည့်maskများနှင့်လက်သန့်ဆေးရည်များအားပေးအပ်ခြင်း

ဧပြီ ၁၀ရက်နေ့ သရက်ချောင်းမြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်ကုသ ရေးလုပ်ငန်းကော်မတီအဖွဲ့ ဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းထွန်းဦးဆောင်သောကော်မတီအဖွဲ့ဝင်များသည် အဖွဲ့(၂)ဖွဲ့ခွဲကာ ယနေ့ နံနက်ပိုင်းက သရက်ချောင်းမြို့နယ်အတွင်း Community Based Facility Quarantineဆောင်ရွက်ထားသည့် ရပ်ကွက်/ကျေးရွာများနှင့်နီးစပ်ရာ ရပ်ကွက်/ကျေးရွာများ ရပ်ကျေး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသနိုင်ရေးကော်မတီများနှင့်သက်ဆိုင်ရာနေရာ များတွင် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းထွန်း က ကိုဗစ်-၁၉ရောဂါအတွက် Community Based Facility Quarantineဆောင်ရွက်ထားသော နေရာများ၌ နေထိုင်သူ ပြည်သူများအား မိသားစုဝင်များနှင့်ခေတ္တခွဲထားပြီး ၁၄ရက်စောင့်ကြည့်ခြင်းသာဖြစ်ပြီး မိမိမှ တစ်ဆင့်မိသားစုဝင်များ၊အခြားသူများကူးစက်မှုမခံရအောင်ကာကွယ်ခြင်းဖြစ်ပါကြောင်း၊Facility Quarantineမှ ၁၄ရက်ပြည့်ပြီးအိမ်ပြန်ကြသောသူများကိုလည်းအပြင်သို့မလိုအပ်ဘဲမထွက်ကြရန် လိုကြောင်း၊လူစုလူဝေးရှောင်ရှားသင့်ကြောင်း၊တစ်ကိုယ်ရည်သန့်ရှင်းမှုကိုအထူးဂရုစိုက်ကြရန်လိုကြောင်း ကိုဗစ်-၁၉ရောဂါနှစ်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ညွှန်ကြားထားသည့်အတိုင်းလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း အားပေးစကားပြောကြားခဲ့ပြီး အဆိုပါစောင့်ကြည့်ရေးစခန်းများ၌လိုအပ်သည့်maskများနှင့်လက်သန့်ဆေးရည်များအားပေးအပ်ခဲ့ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button