မြဝတီမြို့နယ်ရှိ အ​ခြေခံလူတန်းစားများအတွက် စား​သောက်ကုန် ၅မျိုး ​ထောက်ပံ့မှု

၁၂.၄.၂၀၂၀ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီမှ စ၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက်အိမ်ထောင်စု တစ်စုလျှင် အ​ခြေခံစားသောက်ကုန်(၅)မျိုးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်နှင့် ဦးအိုက်ကျန်ခမ်း၊ ခရအမှူး ဦးတေဇာအောင်၊ မနအမှူး ဦးဖြိုးဇော်ကိုကို နှင့် အခြေခံစားကုန်(၅)မျိုး မြို့နယ်အဆင့်ထောက်ပံ့ရေးအဖွဲ့၊ ရပ်ကျေးအဆင့်ထောက်ပံ့ရေးအဖွဲ့တို့မှ ယင်းအတွက် အိမ်ထောင်စု(၁၁၀၀)စုတို့အား အိမ်တိုင်ရာရောက် လိုက်လံဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Exit mobile version