
ကိုရိုနာ ဗိုင်းရပ်စ်
ဘားအံမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအတွက် စားသောက်ကုန် ၅မျိုး ထောက်ပံ့မှု
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၂ ရက်နေ့ (၀၈၀၀)နာရီအချိန်မှ (၁၂၀၀)အချိန်အထိ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား လက်လုပ်လက်စားများအား အခြေခံစားသောက်ကုန်(၅)မျိုးထောက်ပံ့ပေးနိုင်ရေးအတွက် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်နေ အိမ်ထောင်စု (၃၀၀)နှင့် အမှတ်(၉)ရပ်ရပ်ကွက်ရှိ အိမ်ထောင်စု(၂၃၅)စု ထံသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမျိုးသားလွှတ်တော်ကိုယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေမှူးများ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။