
ကိုရိုနာ ဗိုင်းရပ်စ်
ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအား စားသောက်ကုန် ၅မျိုး ထောက်ပံ့မှု
(၁၂-၄-၂၀၂၀)ရက်နေ့နှင့် (၁၃-၄-၂၀၂၀)ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ချောင်းဆုံမြို့နယ်အတွင်းရှိ မဟာသင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၉၆၁)အား ဆန် ဆီ ဆား ပဲ ကြက်သွန် စားကုန် (၅)မျိုး ဖြန့်ဝေပြီး ဖြစ်ပါသည်။