ကိုရိုနာ ဗိုင်းရပ်စ်

ပူတာအိုမြို့ မြို့မဈေး(မနက်ဈေး)၌ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးအသံချဲ့စက်ဖြင့်အသိပညာပေးနှိုးဆော်

ပူတာအို ဧပြီ ၁၃
ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း စဉ်များတွင်ပြည်သူများသိရှိလိုက်နာပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဧပြီ(၁၃)ရက် နံနက်(၆)နာရီခွဲက ပူတာအိုမြို့ မြို့မဈေး(မနက်ဈေး)၌ အသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ အဆုတ်ရောင်ရောဂါကို မိမိကစ၍ကာကွယ်ပါ ၊ ရောဂါကူးစက် နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ကာကွယ်ရမည့်နည်းလမ်းများ၊ ကျန်းမာရေးဌာန၏ထုတ်ပြန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေး၊ တစ်ဦးနှင့်တစ်ဦး သုံးပေအကွာ နေထိုင်ရေး၊ နှာခေါင်းစည်းများတပ်ဆင်ရေး၊လက်ကိုမကြာခဏ စနစ်တကျဆေးကြောရန်၊ ပြည်ပမှပြန်လည်ရောက်ရှိလာသူများရှိပါက ကျန်းမာရေးဌာနသို့သတင်းပို့ပြီး ကျန်းမာရေးစစ်ဆေးမှုများခံယူရန်စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာသိကောင်း စရာများကို အသံချဲ့စက်ဖြင့် ပြည်သူများသိရှိလိုက်နာစေရန် လိုက်လံနှိုး​ဆော်ခဲ့ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close