ကိုရိုနာ ဗိုင်းရပ်စ်

​တောင်တွင်းကြီးမြို့နယ် အတွင်းရှိ အ​ခြေခံလူတန်းစားများအတွက် စား​သောက်ကုန် ၅မျိုး ဖြန့်​ဝေ​ပေးမှု မှတ်တမ်း

မကွေးတိုင်းဒေသကြီး ၊ မ​ကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ပုံမှန်၀င်ငွေမရှိသောအခြေခံလူတန်းစားများအတွက် စားသောက်ကုန်ငါးမျိုးထုတ်ပေးမှုကို ဧပြီ(၁၁)ရက်မှ စ၍ သက်ဆိုင်ရာတိုက်နယ်များအလိုက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့များအား လူစုလူဝေးတက်နိုင်သမျှနည်းစေရန်အတွက် စနစ်တကျ ထုတ်ပေးခဲ့ကြပါသည် ။

တောင်တွင်းကြီးမြို့နယ်တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား လက်လုပ်လက်စား ၀င်ငွေနည်း မိသားစု(၁၇၉၉၄)စုရှိပြီး သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများအလိုက်လူစုလူဝေးမဖြစ်စေရန်အတွက် ပရဟိတလူငယ်များ၏အကူအညီဖြင့် အိမ်တိုင်ရာရောက် လိုက်လံပေးဝေလျက်ရှိပြီး ၁၃-၄-၂၀၂၀ရက်​နေ့၊ နံနက်(၉)နာရီအချိန်မှ စတင်ကာ အဆိုပါပစ္စည်းငါးမျိုး ထောက်ပံ့ပေးဝေနေသည့်ရွှေကြာအင်း(၁)ရပ်ကွက်၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ ရွှေအိုး(၁)ရပ်ကွက်၊ ရွှေအိုး(၂)ရပ်ကွက်များသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦး၀င်းမြင့်လှိုင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် အခြေခံစားကုန်များဖြန့်ဝေရေး ကြီးကြပ်မှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်နှင့် ကော်မတီ၀င်များက ပြည်သူများထံ ကိုယ်တိုင်လက်ရောက် ပေးအပ်ခဲ့ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button