
ကိုရိုနာ ဗိုင်းရပ်စ်
မော်လိုက်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအား စားသောက်ကုန်၅မျိုး အိမ်အရောက်ထောက်ပံ့
၂၀၂၀ပြည့်နှစ်၊ဧပြီလ ၁၄ရက်နေ့၊နံနက်(၀၈၀၀)နာရီအချိန်မှ စတင်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊မော်လိုက်မြို့နယ်၊ လောင်းကောင်းကျေးရွာအုပ်စု၊ လောင်းကောင်းကျေးရွာ၊ ညောင်ဝန်းကျေးရွာ နှင့် ညောင်သပြေကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၅၈)စုအား အခြေခံစားကုန်ပစ္စည်း(၅)မျိုးဖြစ်သော ဆန်၊ဆီ၊ဆား၊ပဲ၊ကြက်သွန်များကို ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးညီညီလွင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးသက်မြင့်ဦးတို့မှ ဦးဆောင်ပြီး အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။