ကိုရိုနာ ဗိုင်းရပ်စ်

​ဖောင်းပြင်မြို့နယ် အတွင်းရှိ အ​ခြေခံလူတန်းစားများအတွက် စား​သောက်ကုန် ၅မျိုး ​ထောက်ပံ့

၂၀၂၀ပြည့်နှစ် ဧပြီလ(၁၄)ရက်နေ့ (၀၈၀၀)အချိန်မှ(၀၉၀၀)အချိန်ထိ စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့ အား/ကာခန်းမ၌ နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန်(၅)မျိုးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းဝေ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်လတ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးခင်မောင်မြင့်နှင့်ကော်မတီဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ မြို့မိ/မြို့ဖများမှ ဖောင်းပြင်မြို့‌ နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၄၂)အုပ်စုမှဖြန့်ဝေရန် ကျန်ရှိသည့် ကျေးရွာအုပ်စု(၃၉)အုပ်စုမှ အိမ်ထောင်စု(၄၀၀၇)စုအတွက် အိမ်ထောင်စုအလိုက်‌အခမဲ့ထောက်ပံ့ပေးအပ်ရန် သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများ ရပ်မိ/ရပ်ဖများထံသို့လွှဲပြောင်းထောက်ပံ့ပေးအပ်ပြီးဖြစ်ပါကြောင်းနှင့် ကျေးရွာများတွင်ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button