ကိုရိုနာ ဗိုင်းရပ်စ်

ကျွန်းလှမြို့နယ် အတွင်းရှိ အ​ခြေခံလူတန်းစားများအား စား​သောက်ကုန် ၅မျိုး ​ဖြန့်​ဝေ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အနေဖြင့် (၁၄.၄.၂၀၂၀)ရက်နေ့၊ ကျွန်းလှဘူတာတွင် ကျန်းမာရေးအခြေအနေစစ်ဆေးပေးခြင်း၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၏စီမံမှုဖြင့်ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းလူစုလူဝေးမဖြစ်စေရေးမြို့နယ်အဆင့်ဌာနဆိုင်ရာများအားရပ်ကွက်/ကျေးရွာအုပ်စုများအလိုက်ကြီးကြပ်ရေးအဖြစ်တာဝန်ပေးအပ်ပြီးအခြေခံစားကုန်များအားအိမ်တိုင်ရာရောက်စနစ်ဖြင့် စနစ်တကျဖြန့်ဝေဆောင်ရွက်ခြင်းကိုစီမံဆောင်ရွက်ခဲ့ပါသည်။ မြို့နယ်တွင်အခြေခံလူတန်းစားအိမ်ထောင်စု(၇၅၇၃) အိမ်ထောင်စုရှိသည့်အနက်(၁၄.၄.၂၀၂၀)ရက်နေ့တွင်အခြေခံစားကုန်(၅)မျိုးအားကျေးရွာအုပ်စု(၃)အုပ်စုတွင်ရှိသောအခြေခံလူတန်းစား(၇၃၈)စု စုစုပေါင်းဖြန့်ဝေပြီးအိမ်ထောင်စုပေါင်း(၁၇၄၂)စုအား အိမ်တိုင်ရာရောက်စနစ်ဖြင့်စနစ်တကျဖြန့်​ဝေခဲ့ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button