
ကိုရိုနာ ဗိုင်းရပ်စ်
လောက်ကိုင်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအား စားသောက်ကုန် ၅မျိုး လက်ဝယ်ထောက်ပံ့
(၁၃-၄-၂၀၂၀)ရက်နေ့တွင် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခမဲ့ဖြန့်ဖြူးထောက်ပံ့ပေးသည့် အခြေခံစားကုန်(၅)မျိုး (ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ကြက်သွန်နီ)တို့ကို လောက်ကိုင်မြို့နယ်အတွင်း ရှိ ရပ်ကျေးအဆင့်စာရင်းကောက်ယူရေးနှင့် ဝေငှရေးကြီးကြပ်ရေးအဖွဲ့တို့မှ ပြည်သူလူထုလက်ဝယ်အရောက် အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပါသည်။