
တောင်တွင်းကြီးမြို့နယ် Covid-19 ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး ဆောင်ရွက်မှု
( ၁၀.၄. ၂၀၂၀) ရက်နေ့ ၊ နံနက် ( ၀၉၄၅) အချိန်ခန့် တောင်တွင်းကြီးမြို့ ၊ တောင်ပြင်(၁)ရပ်ကွက် ၊ အထက(၁) အတွင်းရှိ ပြည်ပ နှင့် နယ်စပ်ဒေသများမှ မိမိဒေသသို့ ပြန်လည်ရောက်ရှိလာသည့် ဒေသခံများအား ( Facility Quarantine) ပြုလုပ် စောင့်ကြပ်ကြည့်ရှုရန် စီစဥ်ထားရှိသည့် ယာယီ တည်းခိုစခန်းတွင်ထားရှိသည့် သူများအနက်မှ တောင်တွင်းကြီးမြို့နယ် ၊ တောင်လျောင်းကျေးရွာအုပ်စု ၊ စမ်းကုန်းကျေးရွာ မှ (၁) ဥွီး ၊ ပင်တိုင်အုပ်စု ၊ ဂုံပင်ကျေးရွာ မှ (၆) ဦး ၊ ညောင်ကုန်းအုပ်စု ၊ ရန်ပယ်ခွကျေးရွာ မှ (၃) ဦး ၊ စုစုပေါင်း ကျား (၈) ဦး ၊ မ(၂) ဦး ၊ စုစုပေါင်း (၁၀) ဦး တို့သည် Quarantine ( ၁၄) ရက် ပြည့်မြောက်သဖြင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင် ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေး ၊ မြို့နယ်ကျန်းမာရေးမှူး ဦးခင်မောင်သင်း ၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့မမူကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်အေးကလျာ တို့မှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ နှင့် မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ပါသည် ။
အဆိုပါ Facility. Quarantine ( ၁၀) ဦးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပေးထားသော လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ရောဂါလက္ခဏာ ပေါ်ပေါက်ခြင်း ရှိ / မရှိ ( ၁၄) ရက် စောင့်ကြည့်၍ လိုက်နာဆောင်ရွက်ပြီးဖြစ်ကြောင်း ထောက်ခံချက်များ ပေးအပ်ခဲ့ပြီး ၄င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။