
ကိုရိုနာ ဗိုင်းရပ်စ်
တာမွေမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအား စားသောက်ကုန် ၅မျိုး ထောက်ပံ့
(၁၄.၄.၂၀၂၀)ရက်နေ့၊ ၁၆၀၀ အချိန်မှစ၍ တာမွေမြို့နယ်အတွင်းရှိ ပုဏ္ဏားကုန်း၊ အရိုးကုန်း၊ ကျောက်မြောင်းကြီး၊ ပုသိမ်ညွန့်၊ မလွှကုန်းဌေးကြွယ်က၊ နတ်ချောင်း၊ တာမွေကြီး(က+ဂ)၊ တာမွေကြီး(ခ)၊ မေတ္တာညွန့်၊ တာမွေလေး၊ မာန်အောင်ရပ်ကွက်တို့မှ အခြေခံလူတန်းစား အိမ်ထောင်စု (၉၉၁)စုအတွက် အခြေခံစားကုန်(၅)မျိုးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတိုး၀င်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးလှသိန်းနှင့် ဦးသိန်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေး နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များမှ လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။