
ကိုရိုနာ ဗိုင်းရပ်စ်
တနိုင်းမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအား စားသောက်ကုန် ၅မျိုး ထောက်ပံ့
၁၄.၄.၂၀၂၀ ရက်နေ့တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော အခြေခံစားသောက်ကုန် ၅ မျိုးအား တနိုင်းမြို့နယ်စီ/ခန့်ကော်မတီ ဥက္ကဌ မနဥ ဦးကျော်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်/ကျေးရွာအုပ်စု ပစ္စည်းစုဆောင်းမှု၊ သယ်ယူမှုနှင့် ဖြန့်ဖြူးရေး ကော်မတီအဖွဲ့များဖြင့် ကျန်ရှိသော မကောကျေးရွာအုပ်စု အိမ်ထောင်စု (၉၇၉)၊ မိုင်းခွန်းကျေးရွာအုပ်စု အိမ်ထောင်စု (၇၁၇)စုနှင့် တရုံကျေးရွာအုပ်စု အိမ်ထောင်စု (၉၄၅)စု၊ ပေါင်း အိမ်ထောင်စု (၂၆၄၁)စုတို့အား ဝေငှပေးခဲ့ပါသည်။