ကိုရိုနာ ဗိုင်းရပ်စ်

အောင်မြေသာစံမြို့နယ်၊ ပြည်သူများ COVID-19 ရောဂါပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အတွက် ကျန်းမာရေးအသိဖြင့် Mask များတွင်တွင်ကျယ်ကျယ် အသုံးပြုလာစေရေး Mask အခု ၃၀၀ ဖြန့်ဝေ Campaignပြုလုပ်

၁၅- ၄ -၂၀၂၀ ရက်နေ့ ၀၆၄၅ မှ ၀၇၃၀ အချိန်ထိအောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ အကွက် ၈၅၊ ၁၅×၈၉ လမ်းထောင့်ရှိ အီကင်းဈေးတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ ဌာနမှူး ဦးသက်နိုင်၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ အောင်မြေသာစံမြို့နယ် စည်ပင်မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ဖြိုးပါ(၁၅) ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမဒေါ်သီတာစိုး၊ မင်းတဲအီကင်းရကအမှူး ဦးဇာနည်မျိုးပါ ( ၆ ) ဦးတို့မှ ပြည်သူများ COVID-19 ရောဂါပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အတွက် ကျန်းမာရေးအသိဖြင့် Mask များတွင်တွင်ကျယ်ကျယ် အသုံးပြုလာစေရေး Mask အခု ၃၀၀ ဖြန့်ဝေ ကမ်ပိမ်းပြုလုပ်ခဲ့ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button