
ကျွန်းလှမြို့နယ် အတွင်းရှိ အခြေခံလူတန်းစားများအား စားသောက်ကုန် ထောက်ပံ့
ကျွန်းလှမြို့နယ်အနေဖြင့် (၁၅.၄.၂၀၂၀)ရက်နေ့ကျွန်းလှဘူတာတွင် ကျန်းမာရေးအခြေအနေစစ်ဆေးပေးခြင်း၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၏စီမံမှုဖြင့်ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းလူစုလူဝေးမဖြစ်စေရေးမြို့နယ်အဆင့်ဌာနဆိုင်ရာများအားရပ်ကွက်/ကျေးရွာအုပ်စုများအလိုက်ကြီးကြပ်ရေးအဖြစ်တာဝန်ပေးအပ်ပြီးအခြေခံစားကုန်များအားအိမ်တိုင်ရာရောက်စနစ်ဖြင့်စနစ်တကျဖြန့်ဝေဆောင်ရွက်ခြင်းကိုစီမံဆောင်ရွက်ခဲ့ပါသည််။ မြို့နယ်တွင်အခြေခံလူတန်းစားအိမ်ထောင်စု(၇၅၇၃) အိမ်ထောင်စုရှိသည့်အနက်(၁၅.၄.၂၀၂၀)ရက်နေ့တွင်အခြေခံစားကုန်(၅)မျိုးအားကျေးရွာအုပ်စု(၁၁)အုပ်စုတွင်ရှိသောအခြေခံလူတန်းစား(၁၇၂၇)စု စုစုပေါင်းဖြန့်ဝေပြီးအိမ်ထောင်စုပေါင်း(၃၄၆၉)စုအား အိမ်တိုင်ရာရောက်စနစ်ဖြင့်စနစ်တကျဖြန့်ဝေဆောင်ရွက်ခဲ့ပြီး ကျန်ရှိအခြေခံလူတန်းစားအိမ်ထောင်စု(၄၁၀၄)စုကိုလည်းစနစ်တကျဖြန့်ဝေဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှထုတ်ပြန်ထားသောဒေသန္တရအမိန့်ကြော်ငြာစာအမှတ်၅/၂၀၂၀အားပြည်သူများသိရှိလိုက်နာစေရေးမော်တော်ယာဉ်ဖြင့်ထပ်တလဲလဲနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ပါသည်။