
ကော့ကရိတ်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအား စားသောက်ကုန် ထောက်ပံ့
ကော့ကရိတ်မြို့နယ်၊(၁၅-၄-၂၀၂၀)
——————————————————
ကေ့ာကရိတ်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့သော အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ (၅)မျိုးတို့ကို ယနေ့နံနက် (၀၉:၀၀)အချိန်တွင် အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်မှုများကို ကရင်ပြည်နယ်လွတ်တော်ဒုဥက္ကဌ ဒေါ်နန်းသူဇာဝင်း၊ အမျိုးသားလွတ်တော်ကိုယ်စား လှယ် ဦးစောဘီစံသိန်းမြင့်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုနှင့် COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများ ပူးပေါင်း၍ ကေ့ာကရိတ်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ အိမ်ထောင်စု (၂၈၉)စု၊အမှတ်(၇)ရပ်ကွက်ရှိအိမ်ထောင်စု(၅၅၀)စု၊ ရန်ကုတ်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၂၀၉)စု၊ ရေကျော်ကြီးကျေးရွာအတွင်းရှိ အိမ်ထောင်စု (၂၁၄)စု၊ ကော့နွဲကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၇)စုတို့အားလည်းကောင်း၊ ထို့နောက် ကျုံဒိုးမြို့အတွင်းရှိအိမ်ထောင်စုများအတွက် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး ဦးစောမောင်မောင်မြင့်တို့မှ ဦးဆောင်၍ ကျုံဒိုးမြို့ အမှတ် (၁)ရပ်ကွက်ရှိ အိမ်ထောင်စု (၁၄၅)စု၊ အမှတ် (၂)ရပ်ကွက်ရှိ အိမ်ထောင်စု (၂၉၁)စု၊ အမှတ် (၃)ရပ်ကွက်ရှိ အိမ်ထောင်စု (၁၃၈)စု၊ အမှတ်(၄)ရပ်ကွက်ရှိ အိမ်ထောင်စု (၆၀)စု၊ အနောက်ဘက်ကမ်းကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၅၇)စု၊ ကော့ဝါလဲကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၁၃၈)စု၊ ကျုံဒိုးချောင်းဖျားကျးရွာရှိ အိမ်ထောင်စု (၆၄)စု၊ ဒေါဖျာကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၁၃၂)စု၊ ကမ်းနီကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၉၅)စုနှင့် ကျုံဘိုင်းကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၁၀၄)စုတို့အတွက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ယနေ့အတွက် ထောက်ပံ့ပေးအပ်မှုမှာ ကော့ကရိတ်မြို့နယ်အတွင်း အိမ်ထောင်စု (၁၄၂၀)စုနှင့် ကျုံဒိုးမြို့အတွင်း အိမ်ထောင်စု (၁၂၄၄)စု၊ စုစုပေါင်းအိမ်ထောင်စု (၂၆၄၄)စုဖြစ်ပြီး ကျန်ရှိနေသည့် ရပ်ကွက်ကျေးရွာရှိ အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေ ပေးခဲ့ပါသည်။