
တနိုင်းမြို့နယ်အတွင်း Covid-19 ရောဂါ မပြန့်ပွားစေရေး အသိပညာပေး ဆောင်ရွက်
၁၆.၄.၂၀၂၀ ရက်နေ့ ၀၈၀၀ အချိန်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူအစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်းနှင့် မြို့နယ်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊သွားလာမှုကန့်သတ်ထိန်းချုပ်ရေးနှင့်တုံပြန်ရေးကော်မတီ ဥက္ကဌ၊ (covid 19)ရောဂါ ထိန်းချုပ်၊ကာကွယ် ကုသရေး မြို့နယ်လုပ်ငန်းအဆင့် ကော်မတီ ဥက္ကဌ(မနဥ) ဦးကျော်လွင်နှင့်အဖွဲ့ဝင်များသည် တနိုင်းချောင်းအတွင်း ယာယီဖွင့်ထားသော စျေးတွင် စျေးရောင်း/စျေးဝယ်သူများအား covid 19 ရောဂါ မပြန့်ပွားစေရေးအတွက် mask များ ဝေငှခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ ကွာ၍ စျေးရောင်းချစေရန် အသိပညာပေး ဆောင်ရွက်ခြင်း၊ တနိုင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအား Mask , hand gel, ဆန်အိတ်၊ လှူဖွယ်ပစ္စည်းနှင့်ဝတ္တုငွေများကပ်လှူခြင်း၊ တနိုင်းမြို့ဝင်/ထွက်ဂိတ်တွင် ခရီးသွားပြည်သူများ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရန် တာဝန်ကျသည့် သမဦးစီးမှူး ဦးရန်းယဥ် ခေါင်းဆောင်သော ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့အား mask, hand gelနှင့် ဦးထုပ်များ ဝေငှပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။