
ရေနံချောင်းမြို့နယ် ယာယီဈေးဖြစ်သည့် ရွှေဘုံသာအားကစားကွင်းအဝင်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်
ရေနံချောင်းမြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရေး လွှတ်တော်ကိုယ်စားလှယ်များ၊COVID-19 လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့များမှ မြို့မစျေးနှင့်ရတနာစျေးရှိ ပျံကျစျေးသည်များအား သစ်တပွေရပ်ကွက် ရွှေဘုံသာအားကစားကွင်း၌ ယာယီဖွင့်လှစ် ရောင်းချစေရေးဆောင်ရွက်လျက်ရှိရာ ပျံကျစျေးရောင်းချသူများအား (၆)ပေအကွာတွင် အကွက်ရိုက်၍ ရောင်းချစေခြင်း၊ MASK နှင့်လက်အိတ်များတပ်၍ရောင်းချစေခြင်း ၊စျေးဝယ်သူများကိုလည်း MASKများအသုံးပြုစေရေး ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါပျံကျစျေးအား (၁၆.၄.၂၀၂၀)ရက်မှစတင်၍ နံနက်(၀၄၀၀)အချိန်မှ(၀၉၀၀) အချိန်ထိ ရောင်းချလျက်ရှိပြီး စျေးဝယ်သူများနှင့်စျေးသည်များအား အားကစားကွင်းအဝင်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။