
ကိုရိုနာ ဗိုင်းရပ်စ်
မြဝတီမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားကုန် ၅မျိုး ထောက်ပံ့
၁၆.၄.၂၀၂၀ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီမှ စ၍ မြဝတီမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် အခြေခံစားသောက်ကုန်(၅)မျိုးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်နှင့် ဦးအိုက်ကျန်ခမ်း၊ ခရအမှူး ဦးတေဇာအောင်၊ မနအမှူး ဦးဖြိုးဇော်ကိုကို နှင့် အခြေခံစားကုန်(၅)မျိုး မြို့နယ်အဆင့်ထောက်ပံ့ရေးအဖွဲ့၊ ရပ်ကျေးအဆင့်ထောက်ပံ့ရေးအဖွဲ့တို့မှ ယနေ့အတွက် (၇)ရက်မြောက်နေ့အဖြစ် ဆန်၊ဆီ၊ဆား၊ကြက်သွန်နီ၊ ပဲမျိုးစုံများအား အိမ်ထောင်စု(၇၈၉၇)ထောက်ပံ့ပေးအပ်ခဲ့ပါသည်။